သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားမြေအောက်ရထားဗုံးခွဲမှု သံသယရှိသူတဦး ဖော်ထုတ်ရရှိ


သံသယရှိသူ Akbarzhon Jalilov
သံသယရှိသူ Akbarzhon Jalilov

ရုရှားနိုင်ငံ St. Petersburg မြို့က လူစည်ကားရာ မြေအောက်ဘူတာရုံတခုမှာ မနေ့တုန်းက ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကို ကျုးလွန်သူဟာ Kyrgyzstan နိုင်ငံဖွား Akbarzhon Jalilov ဆိုသူဖြစ်ကြောင်း၊ ရုရှားစုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

လူ ၁၄ ယောက် သေဆုံးပြီး၊ ၅၀ နီးပါး ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုကို ကျုးလွန်သူရဲ့ မီးလောင်ကျွမ်းနေတဲ့ အလောင်းကို တွေ့ရှိခဲ့ကြောင်း ရုရှားအစိုးရ စုံစမ်းစစ်ဆေးရေး ကော်မတီက ပြောဆိုခဲ့တာပါ။ St. Petersburg မြို့က ဘူတာရုံ နောက်တခုမှာ မနေ့တုန်းက တွေ့ရှိခဲ့ရတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးပေါ်မှာ Jalilov ရဲ့ DNA မျိုးဗီဇကို တွေ့ရှိခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အစောပိုင်းမှာလည်း Jalilov ဟာ အသေခံဗုံးခွဲသမား ဖြစ်ကြောင်းနဲ့ ရုရှားနိုင်ငံသားခံယူထားသူဖြစ်ကြောင်း Kyrgyzstan ထောက်လှမ်းရေး အရာရှိတွေက ကနဦးတွေ့ရှိချက် အထောက်အထားတွေကို ကိုးကားပြောဆိုခဲ့တာပါ။ ပေါက်ကွဲမှု ပြင်းထန်လွန်းတဲ့အတွက် ရထားရဲ့ထူထဲလှတဲ့ သတ္တုတံခါးတွေပါ ပေါက်ထွက်သွားခဲ့တာပါ။

St. Petersburg မြို့က ဘူတာရုံ နောက်တခုမှာလည်း မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကို မီးသတ်ဗူးတခုနောက်မှာ ဝှက်ထားတာကို တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ရှင်းလင်းခဲ့ရပါတယ်။ ရုရှားအာဏာပိုင်တွေကတော့ လုံခြုံရေးအတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မြေအောက်ရထား ပြေးဆွဲမှုတွေ အားလုံးနီးပါးကို မနေ့တုန်းက ရပ်ဆိုင်းခဲ့ပါတယ်။

ဒီကနေ့မှာလည်း ဗုံးဖောက်ခွဲ တိုက်ခိုက်မယ့် ခြိမ်းခြောက်မှုတခုကြောင့် Sennaya ရင်ပြင်မှာရှိတဲ့ မြေအောက်ရထားဘူတာရုံကို နာရီပေါင်းများစွာ ပိတ်ထားခဲ့ရတာပါ။ St. Petersburg မြို့ တာဝန်ရှိသူတွေကတော့ ၃ ရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ကြေညာခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့ နေ့မှာပဲ Belarus သမ္မတ Alexander Lukashenko နဲ့ တွေ့ဆုံဖို့ ရုရှားသမ္မတ Vladimir Putin ဟာလည်း ဇာတိမြို့ဖြစ်တဲ့ St. Petersburg မှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG