သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား Cyber တိုက်ခိုက်မှု ကန် တုံ့ပြန်အရေးယူမည်


ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲကို ရုရှားက အင်တာနက်ကနေ အချက်အလက်တွေ ခိုးယူတိုက်ခိုက်တာ၊ အနှောက်အယှက် ပေးခဲ့တာတွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ သမ္မတအိုဘားမား အစိုးရက ပြင်နေပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ သမ္မတအိုဘားမား လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ သမ္မတ လုပ်ပိုင်ခွင့်အမိန့်ကို သုံးပြီး ရုရှားကို ဘယ်လို အမြန်ဆုံး အရေးယူမလဲ ဆိုတာနဲ့ပတ်သက်လို့ အိမ်ဖြူတော်မှာ အခြေအတင် ဆွေးနွေးနေတဲ့အကြောင်း ဝါရှင်တန်ပို့စ်သတင်းစာမှာ ဖော်ပြထားတာပါ။ ဒီသမ္မတ အမိန့်အရ - ပြည်ပမှာအခြေစိုက်ပြီး အမေရိကန်ကို အင်တာနက်ကနေ ထိုးဖောက်တိုက်ခိုက် သူတွေအပေါ် စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို သမ္မတတဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ချမှတ်နိုင်ပါတယ်။ အထူးသဖြင့် တိုင်းပြည်ရဲ့ အမျိုးသားလုံခြုံရေး၊ အခြေခံ အဆောက်အအုံနဲ့ စီးပွားရေးကို ခြိမ်းခြိမ်သူတွေအပေါ် သမ္မတက ဒဏ်ခတ်အရေးယူခွင့် ရှိပါတယ်။

ဒီဥပဒေအရ အမေရိကန်ဘဏ်တွေ ဒါမှမဟုတ် တခြားဘဏ္ဍာရေး အဖွဲ့အစည်းတွေမှာရှိနေတဲ့ အင်တာနက် တိုက်ခိုက်သူတွေရဲ့ ငွေကြေးတွေကို အစိုးရက ထိန်းချုပ်ခွင့် ရှိသလို၊ အမေရိကန်နိုင်ငံသားတွေကိုလည်း အဲဒီလိုလူတွေနဲ့ စီးပွားလုပ်ကိုင်ခွင့် တားမြစ်ထားပါတယ်။ ဒါ့အပြင် ဒီလူတွေရဲ့ ခရီးသွားလာခွင့်တွေကို လည်း ပိတ်ပင်နိုင်ပါတယ်။ ခုလို ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်အရေးမှုတွေ ချမှတ်လာနိုင်တဲ့အပေါ် ရုရှားနိုင်ငံခြားရေးဌာနကတော့ ပြစ်တင် ရှုတ်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG