သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဆုံးဖြတ်ချက် ရုရှား ဗီတိုသုံးပယ်ချ


ဆီးရီးယားနဲ့ ရုရှား ကုလကိုယ်စားလှယ်တွေ
ဆီးရီးယားနဲ့ ရုရှား ကုလကိုယ်စားလှယ်တွေ

ဆီးရီယားနိုင်ငံ Aleppo မြို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေ အဆုံးသတ်စေဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှားက ဗီတိုသုံး ပယ်ချ လိုက်ပါတယ်။ သွေးထွက်သံယို သေကြေဆုံးရှုံးမှုတွေ အဆုံးသတ်သွားစေဖို့ ကုလသမဂ္ဂဘက်က ကြိုးစားမှုတွေကို ရုရှားဘက်က ဗီတိုသုံး ပယ်ချတာ အခုဆိုရင် ငါးကြိမ်မြောက်ရှိသွားပါပြီ။

ဆုံးဖြတ်ချက် မူကြမ်းစာသားကို ပြင်သစ်နဲ့ စပိန်တို့က ပြင်ဆင်တာဖြစ်ပြီး၊ နိုင်ငံပေါင်း ၅၀ ရဲ့ ထောက်ခံမှုကိုလည်း ရထားပါတယ်။ ဆီးရီးယားအစိုးရနဲ့ ရုရှားအပါအဝင် သူ့ကိုထောက်ခံသူတွေကတော့ ဒီ ဗုံးကြဲတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်ဝါဒီတွေ ကို ချေမှုန်းတိုက်ခိုက်နေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ အကြောင်းပြပြောဆိုနေတယ်လို့ နယူးယောက် ကုလသမဂ္ဂမဲခွဲပွဲကို ရောက်လာတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault က ပြောပါတယ်။

ဒါပေမယ့်လည်း ဒီပြောဆိုချက်ဟာ မမှန်ကန်ဘူးဆိုပြီး၊ သူတို့ရဲ့လုပ်ရပ်တွေ ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ တကယ်တော့ ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆပ်ဟာ အကြမ်းဖက်ဝါဒကို ချေမှုန်း တိုက်ဖျက်နေတာမျိုး မဟုတ်ပဲ၊ ပိုဆိုးလာအောင် ဖန်တီးနေသူဖြစ်တယ် လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG