သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအိုလံပစ် အားကစားသမားတွေ တားမြစ်ဆေးသုံးစွဲဟု ကမ္ဘာ့တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေးကဆို


ဆိုချီမှာ ကျင်းပတဲ့ ၂၀၁၄ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဝင် ရုရှားအားကစားသမားများနဲ့ ရုရှားသမ္မတ ပူတင် အမှတ်တရ မှတ်တမ်းတင်နေကြစဉ်။ ( မတ် ၁၅၊ ၂၀၁၄)
ဆိုချီမှာ ကျင်းပတဲ့ ၂၀၁၄ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဝင် ရုရှားအားကစားသမားများနဲ့ ရုရှားသမ္မတ ပူတင် အမှတ်တရ မှတ်တမ်းတင်နေကြစဉ်။ ( မတ် ၁၅၊ ၂၀၁၄)

ရုရှားနိုင်ငံက အိုလံပစ်အားကစားသမား ၁ ထောင်ကျော်ဟာ တားမြစ်ဆေး သုံးစွဲတာတွေရှိတယ်ဆိုပြီး၊ အစီရင်ခံစာအသစ်တခုက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ၊ ဆောင်းရာသီ နဲ့ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အားကစားသမားတွေဟာ တားမြစ်ဆေး သုံးစွဲတာတွေရှိတယ်ဆိုပြီး အဲဒီအစီရင်ခံစာက ပြောပါတယ်။

ဆိုချီမှာ ကျင်းပတဲ့ ၂၀၁၄ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ တားမြစ်ဆေး သုံးစွဲတာတွေကို ရုရှားအစိုးရကိုယ်တိုင် ပါဝင်ပတ်သက်ပြီး ဖုံးကွယ်ပေးထားတယ် ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ ပတ်သက်ပြီး၊ ကမ္ဘာ့တားမြစ်ဆေး သုံးစွဲမှု တိုက်ဖျက်ရေး အေဂျင်စီ (WADA) ရဲ့ စုံစမ်းစစ်ဆေးရေးမှူးလည်းဖြစ်၊ ကနေဒါနိုင်ငံက ဥပဒေပါမောက္ခ Richard McClaren က သူ့ရဲ့ နောက်ဆုံး အစီရင်ခံစာ ကို သောကြာနေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီတွေ့ရှိချက်တွေက ပြီးခဲ့တဲ့ ဇူလိုင်လက McClaren ထုတ်ပြန်လိုက်တဲ့ ပထမ အစီရင်ခံစာမှာပါတဲ့ သက်သေအထောက်အထားတွေ အတော်များများကို နောက်ထပ် ထပ်ပြီးတော့ အတည်ပြုလိုက်တာဖြစ်ပါတယ်။ အဲဒီ ပထမအစီရင်ခံစာကြောင့်၊ ရုရှားနိုင်ငံကို ရီယိုအိုလံပစ်အားကစားပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ ကမ္ဘာ့တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရေးအေဂျင်စီ က တောင်းဆို တဲ့အထိ ဖြစ်ခဲ့တာပါ။

နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ကတော့ ဒီတောင်းဆိုချက်ကို ပယ်ချလိုက်ပြီး၊ ရုရှားအားကစားသမားတွေကို ပြိုင်ပွဲကနေ ပယ်သင့် မပယ်သင့်ဆိုတာကို သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်တွေကပဲ ဆုံးဖြတ်ဖို့ ခွင့်ပြုခဲ့ပါတယ်။ McClaren ရဲ့ အစီရင်ခံစာသစ်ကိုတော့ IOC ကို တင်သွင်းသွားမှာဖြစ်ပြီး ၊ တကယ်လို့ တားမြစ်ဆေးသုံးစွဲတယ်ဆိုတာ တွေ့ရှိတယ်ဆိုရင်တော့ ပြင်းထန်တဲ့အရေးယူမှုတွေ ခံရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG