သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Samsung ဖုန်းအမျိုးအစားသစ် လေယာဉ်ပေါ် မီးလောင်


Samsung ဖုန်း NOTE 7 အမျိုးအစား
Samsung ဖုန်း NOTE 7 အမျိုးအစား

အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က လေယာဉ်တစင်း စတင်မပျံသန်းခင်မှာ လေယာဉ်ပေါ်မှာပါလာတဲ့ Samsung တယ်လီဖုန်းအသစ်တလုံး မီးလောင်ခဲ့တာကြောင့် လေယာဉ်ပေါ်မှာပါလာတဲ့သူတွေကို ဘေးလွတ်ရာကို ရွှေ့ခဲ့ရပါတယ်။

Galaxy Note 7 ဖုန်းတွေအားလုံးကို ပြန်အပ်ဖို့ Samsung ကုမ္ပဏီက မကြာသေးခင်ကပဲ ပြောကြားလိုက်ပြီးတဲ့နောက် Galaxy Note 7 လက်ကိုင်ဖုန်းအသစ်တွေ ထပ်ထုတ်လိုက်တာဖြစ်ပြီး၊ အသုံးပြုဖို့အတွက် စိတ်ချရတယ်လို့လည်း ကုမ္ပဏီက ယူဆထားတာဖြစ်ပါတယ်။ တယ်လီဖုန်းဘာကြောင့် မီးလောင်တယ်ဆိုတာကို သိနိုင်ဖို့အတွက် ၊ အဲဒီဖုန်းကို ပြန်ရအောင် အာဏာပိုင်တွေ၊ Southwest လေကြောင်းလိုင်း တာဝန်ရှိသူတွေ အတူလုပ်ဆောင်နေတယ်လို့ Samsung ကုမ္ပဏီက ထုတ်ပြန်တဲ့ကြေငြာချက်ထဲမှာ ပြောထားပါတယ်။

တယ်လီဖုန်းကို စစ်ဆေးကြည့်ရှုပြီးတာနဲ့ ဘာကြောင့်ဖြစ်တာလဲဆိုတာကို ကျနော်တို့ ထပ်ပြီးပြောပြသွားနိုင်မှာဖြစ်တယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။ Sarah Green ဆိုသူ အမျိုးသမီးက အဲဒီဖုန်းဟာ သူမခင်ပွန်း Brian ရဲ့ ဖုန်းဖြစ်တယ်လို့ Louisville မြို့The Courier-Journal ကို ပြောပါတယ်။

လေယာဉ်က မထွက်ခင် ဂိတ်မှာရပ်ထားတဲ့အချိန်မှာ ဖုန်းကိုပိတ်ထားပေမယ့်၊ ဖုန်းကနေမီးခိုးတွေထွက်ပြီး၊ အချက်ပေးသံတွေထွက်လာတာ ဖြစ်တယ်လို့ Ms. Green က ပြောပါတယ်။ Galaxy Note 7 ဖုန်း ဒါဇင်နဲ့ချီပြီး၊ ဘတ္ထရီ အရမ်းပူတဲ့ပြဿနာတွေ ရှိတယ်လို့ သတင်းတွေထွက်ပြီးတဲ့နောက်၊ Samsung က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ Galaxy Note 7 ဖုန်းတွေကို ကုမ္ပဏီကို ပြန်အပ်ဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

သူမခင်ပွန်းရဲ့ ဖုန်းကို ပြန်အပ်ဖို့အကြောင်းကြားခဲ့ပြီး၊ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ဖုန်းအသစ်တလုံးရခဲ့တယ်လို့ Green က ပြောပါတယ်။၊ ဒါပေမဲ့ ကုမ္ပဏီကတော့ အခုမီးလောင်တဲ့ဖုန်းဟာ ဘယ် Model ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။ လေကြောင်းလိုင်းတွေကတော့ မီးခိုး ပြဿနာတွေကြောင့် Samsung ဖုန်းတွေကို လေယာဉ်ထဲမှာအသုံးမပြုဖို့ ပြီးတော့ ခရီးသွားအိတ်တွေမထည့်ဖို့လည်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG