သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အများပြည်သူသုံး ဘတ်စ်ကားလိုင်း ယာဉ်မောင်း စပါယ်ယာတွေ ယဉ်ကျေးပြီးစည်းကမ်းရှိဖို့ ဝိုင်းဝန်း ပညာပေးဖို့ လို


မြန်မာပြည်မှ အများပြည်သူသုံး ယာဉ်လိုင်း။
မြန်မာပြည်မှ အများပြည်သူသုံး ယာဉ်လိုင်း။

ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ နေ့စဉ်ဆိုသလို ရုန်းကန်လှုပ်ရှားနေရတဲ့ ရန်ကုန်မြို့ကြီးမှာ အများပြည်သူ စီးနင်းနေကြရတဲ့ ဘတ်စ်ကားလိုင်းတွေရဲ့ တချို့ ယာဉ်မောင်းတွေနဲ့၊ စပယ်ရာ အကူလက်ထောက်တွေဟာ လမ်းစည်း၊ ယာဉ်စည်းကမ်းတွေ မလိုက်နာရုံတင်မက၊ ယာဉ်စီးသူတွေ၊ လမ်းသွားလမ်းလာတွေ၊ တခြား မော်တော်ယာဉ်တွေကို မိုက်မိုက်ရိုင်းရိုင်း အော်ဟစ်ငေါက်ငမ်းတာတွေလုပ်နေကြတဲ့အပြင်၊ မင်းမဲ့စရိုက်ဆန်ဆန် ဒုတ်တပျက်ဓါးတပျက်၊ ကိုယ်ထိလက်ရောက်စော်ကားတဲ့အဖြစ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီလိုအဖြစ်တွေကို ဘယ်လို ပညာပေးမှုတွေနဲ့ ကာကွယ်တားဆီးကြရင်ကောင်းပါမလဲ။

တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေဘောင်အတွင်းက ဘယ်လိုပြုပြင်ပေးကြရင်ကောင်းမလဲ ဆိုတာတွေကို လူထုနီတိတရား ပြောကြားပေးတဲ့သက်ကြီးဝါကြီး စာရေးဆရာကြီး ဒေါက်တာခင်မောင်ညို ၊ လူထုခံစားချက်တွေကို ပြောင်မြောက်စွာ သရုပ်ဖော်ပေးနေတဲ့ ကာတွန်းဆရာ မောင်မောင်ဖောင်တိန်၊ လူထုကိုယ်စား ပြောကြားပေးတဲ့ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်ဟောင်း ဒေါက်တာညိုညိုသင်း အမေရိကန်ပြည်ထောင်စုက အများပြည်သူသုံးယာဉ်လိုင်းနဲ့ပတ်သက်လို့ စည်းကမ်းသတ်မှတ်ချက်ဗဟုသုတမျှဝေပေးတဲ့နယူးယောက်မြို့ခံ ကိုဇော်လင်းကျော်၊ စင်ကာပူက ကိုနေဦးလင်း နဲ့ ရန်ကုန်မြို့ခံ ကိုဇော်ဖြိုးလင်းတို့နဲ့အတူ သောတရှင်တွေပေးပို့လာတဲ့ အကြံပြုစာတွေနဲ့ အပြုသဘော သုံးသပ်ဆွေးနွေးထားကြတာ နားဆင်ပါရှင်။

XS
SM
MD
LG