သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လမ်းပမ်းဆက်သွယ်ရေး ခရီးသွားပြည်သူတွေ ဘေးမကြုံ လုံခြုံရေး ဘာတွေလုပ်သင့်သလဲ


အောင်စိုးမိုးကျော် နှစ်မြုပ်ရေယာဉ် ပြန်ဆည်ယူစဉ်။
အောင်စိုးမိုးကျော် နှစ်မြုပ်ရေယာဉ် ပြန်ဆည်ယူစဉ်။

မြန်မာပြည်တွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အသက် အန္တရာယ် ကာကွယ်ဖို့ အတွက် လုံခြုံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း စည်ကမ်း သတ်မှတ်ချက်တွေ၊ အာမခံထားရှိတဲ့စနစ်တွေ လိုက်နာမှု အားနည်းနေ တာတွေကြောင့် ခရီးသွားပြည်သူတွေ နစ်နာဆုံရှုံးမှုတချို့နဲ့ ရင်ဆိုင်နေရပါတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူ ပို့ဆောင်ရေးဟာ နိုင်ငံဖွံ့ဖြိုးမှု အတွက် အဓိကျတာကြောင့် အားနည်းချက်တွေကို ဘယ်လိုပြုပြင်ကြရမလဲ၊ ဝန်ဆောင်မှုပေး သူတွေနဲ့ ခရီးသွားပြည်သူတွေကြား သဟဇာတဖြစ်အောင် ဘယ်လိုအချက်တွေကို လိုက်နာကြဖို့လိုပါသလဲ စတာတွေကို စစ်ကိုင်းတိုင်း လျှပ်စစ်နဲ့ လမ်းပမ်း ဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း၊ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဘအုပ်ခိုင်၊ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက် အဖွဲ့က ရှေ့နေကြီး ဦးသိန်းသန်းဦး၊ နိုင်ငံတကာက အများပြည်သူသုံး လမ်းပမ်း ဆက်သွယ်ရေး အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံက ဦးသောင်းမြင့်ဦး ၊ တောင်ကိုရီးယားနိုင်ငံက ကိုရန်နိုင်ထွန်း၊ ရန်ကုန်က ရှေ့နေကြီး ဦးကျော်လင်း တို့နဲ့အတူ ဒေါ်ခင်စိုးဝင်းက ဆွေးနွေးတင်ဆက်ထားတာ နားဆင်ပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG