သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီ တင်သွင်းကုန် အီရန် ပိတ်ပင်


ယီမင်နိုင်ငံတွင်း ဆော်ဒီအာရေးဗီးယား ဘက်က လေကြောင်းတိုက်ခိုက်မှု။
ယီမင်နိုင်ငံတွင်း ဆော်ဒီအာရေးဗီးယား ဘက်က လေကြောင်းတိုက်ခိုက်မှု။

ယီမင်နိုင်ငံမှာရှိတဲ့ အီရန်သံရုံး ကို ဆော်ဒီအာရေးဗီးယား ရဲ့ လေကြောင်း တိုက်ခိုက်မှုမှာ တမင်သက်သက် ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲပြီး၊ ဆော်ဒီနိုင်ငံက တင်သွင်းကုန်တွေ အားလုံးကို အီရန်နိုင်ငံက ပိတ်ပင်လိုက်တဲ့အတွက် ၂ နိုင်ငံကြား သံတမန်ရေး တင်းမာမှုတွေလည်း ပိုမိုကြီးထွားလာခဲ့ပါတယ်။

ယီမင်နိုင်ငံ Sanaa မြို့တော်က တိုက်ခိုက်မှုဟာ သံတမန်လုပ်ငန်းတွေကို အကာအကွယ်ပေးရ မယ့် နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hossein Jaber Ansari ကပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့ပါတယ်။ သံရုံး အဆောက်အဦး ပျက်စီးမှုနဲ့ ဝန်ထမ်းတွေ ထိခိုက်နစ်နာမှု အတွက် ဆော်ဒီအာရေးဗီးယား နိုင်ငံက တာဝန်ယူရလိမ့်မယ်လို့လည်း ပြောပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူရဲ့ ကြေညာချက်ထဲမှာတော့ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဘယ်သူတွေ ပါဝင်သလဲ၊ ဘယ်လောက်အထိ ထိခိုက်မှုတွေ ရှိခဲ့သလဲ ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ ယီမင်နိုင်ငံမှာ အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ Houthi Shi'ite သူပုန်တွေကို တိုက်ခိုက်နေတဲ့ တပ်တွေကို စစ်ကူပေးတဲ့ အနေနဲ့ ဆော်ဒီက လေကြောင်း ထိုးစစ်တွေ ဆင်နွှဲနေတာ ဖြစ်ပါတယ်။ အီရန်ရဲ့ စွပ်စွဲချက်အပေါ်မှာတော့ ဆော်ဒီက တစုံတရာ တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

XS
SM
MD
LG