သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီ မဟာမိတ်တွေ အီရန်နဲ့ သံတမန် အဆက်အဆံဖြတ်


အီရန်နိုင်ငံ ဆော်ဒီသံရုံးရှေ့ ဆန္ဒပြပွဲ။
အီရန်နိုင်ငံ ဆော်ဒီသံရုံးရှေ့ ဆန္ဒပြပွဲ။

ဆော်ဒီအာရေးဘီးယားရဲ့ မဟာမိတ်နိုင်ငံတွေကလည်း အီရန်နဲ့သံတမန် အဆက်အသွယ် ဖြတ်တောက်လိုက်ပါတယ်။ တီဟီရန်မှာရှိတဲ့ ဆော်ဒီသံရုံးကို ဆန္ဒပြသူတွေက ဝင်ရောက်စီးနင်းပြီးနောက် သံတမန် အဆက်အဆံဖြတ်တောက်ဖို့ ဆော်ဒီ အာရေးဘီးယားနိုင်ငံဖက်က ဆုံးဖြတ်အပြီး သူ့မဟာမိတ်နိုင်ငံတွေအနေနဲ့လည်း အလားတူဆုံးဖြတ်လိုက်တာပါ။

ဘာရိန်းနဲ့ ဆူဒန်နိုင်ငံတွေဟာ အီရန်နဲ့ သံတမန် အဆက်အသွယ် ဖြတ်တောက် လိုက်သလို United Arab Emirates ကလည်း အီရန်နဲ့ သံတမန်ဆက်ဆံရေး အဆင့်အတန်းကို လျော့ချလိုက်ပါတယ်။ တီဟီရန်မှာရှိတဲ့ သံတမန်ဝန်ထမ်း အရေအတွက်ကို လျှော့ချလိုက်သလို သံအမတ်ကြီးအဆင့်မဟုတ်တော့ဘဲ သံရုံးတာဝန်ခံအဆင့်ကိုသာ ထားရှိတော့မှာပါ။

အထင်ကရ ရှီယက် ဘာသာရေးခေါင်းဆောင် Sheikh Nimr al-Nimr နဲ့ တခြား ၄၆ ဦးကို ဆော်ဒီအာရေးဘီးယားက ကွပ်မျက်လိုက်တယ်လို့ ကြေညာပြီးနောက် အခုလိုတင်းမာမှုတွေ ဖြစ်လာတာပါ။ အဲဒီနောက် ဒီလုပ်ရပ်ကိုမကြေနပ်သူ ဆန္ဒပြသမားတွေက တီဟီရန်မှာရှိတဲ့ ဆော်ဒီအာရေးဘီးယားသံရုံးကို ဝင်ရောက်ဖျက်စီးပြီး မီးတင်ရှို့ခဲ့သလို Mashhad က ကောင်စစ်ဝန်ရုံးကိုလည်း ဖျက်စီးခဲ့ပါတယ်။

အခုအခါမှာ ဆန္ဒပြသူ ၄၀ ထက်မနည်းကို ဖမ်းဆီးထားပြီး တိုက်ခိုက်မှုနဲ့ ပါတ်သတ်လို့ ဒါဟာ လုံး၀ လက်ခံနိုင်စရာမရှိဘူးလို့ အီရန်သမ္မတ Hassan Rouhani က ပြောပါတယ်။ ဒါပေမယ့် al-Nimr ကို ကွပ်မျက်မှုနဲ့ ပါတ်သတ်ပြီးတော့လည်း ရှုံချဝေဖန်ခဲ့ပါတယ်။

ဆော်ဒီအားရေးဘီးယား သံရုံးကို တိုက်ခိုက်မှုဟာ လူအရိုင်းအစိုင်းတွေရဲ့ လုပ်ရပ်ဖြစ်တာကြောင့် အခုလိုသံအဆက်အသွယ် ဖြတ်တောက်တာ ဖြစ်တယ်လို့ ဆူဒန်နိုင်ငံကပြောသလို ပင်လယ်ကွေ့နဲ့ အာရပ်နိုင်ငံတွေရဲ့ အရေးအခင်းတွေမှာ အီရန်ဟာ နှောက်ယှက်မှုတွေဆက်လုပ်နေတာကြောင့် သံတမန်ဆက်ဆံရေး အဆင့်အတန်း လျော့ချတာဖြစ်တယ်လို့ UAE နိုင်ငံကပြောဆိုပါတယ်။

XS
SM
MD
LG