သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းဖြစ် IS ခြိမ်းခြောက်မှု ဆော်ဒီရင်ဆိုင်နေရ


အသေခံဗုံးခွဲသမားက တိုက်ခိုက်ခဲ့တဲ့ ဗလီတတခုကို ဆောင်ဒီရဲတွေဝင်ရောက် စစ်ဆေးနေပုံ (ဆော်ဒီသတင်းအေဂျင်စီ)
အသေခံဗုံးခွဲသမားက တိုက်ခိုက်ခဲ့တဲ့ ဗလီတတခုကို ဆောင်ဒီရဲတွေဝင်ရောက် စစ်ဆေးနေပုံ (ဆော်ဒီသတင်းအေဂျင်စီ)

ဆော်ဒီအာရေဗျ နိုင်ငံမှာ ပြည်တွင်းမှာ ပေါက်ဖွားလာတဲ့ အကြမ်းဖက်သမားတွေ၊ သမရိုးကျ ဘာသာရေး သင်ကြားမှုတွေကို အသုံးချပြီး ဘုရင်စံနစ်ကို ထိခိုက်အောင် လုပ်နေသူတွေရဲ့ ခြိမ်းခြောက်မှုတွေ တနေ့တခြား တိုးလာနေတာကို တိုက်ဖျက်နေရပါတယ်။

ဒီသီတင်းပါတ်ထဲမှာပဲ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ဆက်နွယ်မှု ရှိခဲ့တဲ့ အဖွဲ့ ၃ ဖွဲ့က လူပေါင်း ၁၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆော်ဒီ လုံခြုံရေး တပ်တွေက ပြောပါတယ်။ ဒီ သံသယ ရှိသူတွေဟာ ဆော်ဒီအာရေဗျ နိုင်ငံ ထဲက စီးပွါးရေးနဲ့ လုံခြုံရေး ဆိုင်ရာတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုကြီး ၄ ခုကို လုပ်ဆောင်ဖို့ စီစဉ်နေ ကြောင်း သတင်းရရှိခဲ့တယ်လို့ ဆော်ဒီအစိုးရပိုင် Saudi Press Agency သတင်းဌာန က ပြောပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံကို အိုင်အက်စ်စစ်သွေးကြွတွေက စစ်ကြေညာခဲ့တဲ့ ၂၀၁၄ ခုနှစ် ကစပြီး အိုင်အက်စ်တွေ နဲ့ ဆက်နွယ်တယ်လို့ စွပ်စွဲပြီး အဖမ်းခံခဲ့ရသူ ရာနဲ့ချီ ရှိနေတာပါ။

အိုင်အက်စ်တွေနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်အဖွဲ့တွေဟာ လုံခြုံရေးတပ်သားနဲ့ Shiite ဗလီ အများအပြားကို ပစ်မှတ်ထားပြီး လူသေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုတွေ ဗုံးဖေါက်ခွဲမှုတွေ အများအပြားကို လုပ်ဆောင်ခဲ့တယ်လို့ ဆော်ဒီ တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန် ဗဟိုထောက်လှန်းရေး CIA က ဒါရိုက်တာ John Brennan ကလည်း အိုင်အက်စ် စစ် သွေးကြွတွေ ဟာ ဥရောပနဲ့ အမေရိကန်မှာ သာမက ဆော်ဒီအာရေဗျ နိုင်ငံထဲမှာလည်း အကြီးအကျယ် ခြိမ်းခြောက်မှု တခု အဖြစ် ရှိနေတယ်လို့ မကြာသေးခင်ကပဲ ပြောကြားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG