သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပရောက် မြန်မာတပ်ချုပ် စစ်တပ်အခန်းကဏ္ဍ ချပြ


Min Aung Hlaing
Min Aung Hlaing

EU ဥရောပသမဂ္ဂရဲ့ ဖိတ်ကြားချက်အရ Belgium နိုင်ငံကို ရောက်နေတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုဝင်ဘာလ ၈ ရက်နေ့က စစ်ဘက်ကောင်စီအစည်းအဝေးကို တက်ရောက်မိန့်ခွန်းပြောကြားပြီးနောက် ညနေပိုင်းမှာတော့ အီးယူ နိုင်ငံရေးနဲ့ လုံခြုံရေးကော်မတီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်လို့ နိုင်ငံရေးနဲ့ လုံခြုံရေးကော်မတီရဲ့ မေးမြန်းချက်တွေကို ရှင်းလင်း ပြောကြားတာမှာ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ တပ်မတော်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေကို ဦးစားပေး ပြောကြားခဲ့တဲ့အပြင် ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ခုနဲ့ NCA လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ကိစ္စ၊ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ အခြေအနေ၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေမှာ တပ်မတော်ရဲ့ ပါဝင်မှု အခန်းကဏ္ဍ စတာတွေကို ရှင်းလင်း ပြောကြားခဲ့တဲ့အကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဥရောပသမဂ္ဂ ကာကွယ်ရေးဦးစီးချုပ်များရဲ့ ၁ နှစ် ၂ ကြိမ် ကျင်းပတဲ့ အစည်းအဝေးပွဲကို တက်ရောက်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း EU နိုင်ငံခြားဆက်ဆံရေးနဲ့ လုံခြံုံရေးမူဝါဒရေးရာရုံး ပြောခွင့်ရသူက VOA မြန်မာပိုင်းကို ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုဝင်ဘာလ ၇ ရက်နေ့တုန်းကတော့ အီးယူ လုံခြုံရေးနဲ့ နိုင်ငံခြားမူဝါဒဆိုင်ရာ အကြီးအကဲ Federica Mogherini နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့ တပ်မတော်ကိုယ်စားလှယ် အဖွဲ့ဟာ Belgium နိုင်ငံ၊ Brussels မြို့ကို နိုဝင်ဘာလ ၆ ရက်နေ့ ရောက်ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG