သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်


လိုင်ဇာဒေသက ကေအိုင်အေ တပ်ဖွဲ့ဝင်များ
လိုင်ဇာဒေသက ကေအိုင်အေ တပ်ဖွဲ့ဝင်များ

ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အနှံ့အပြား မှာ နှစ်ဘက်တိုက် ပွဲတွေပြင်း ထန်နေပြီး မြန်မာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် မှုကြောင့် နှစ်နှစ်အရွယ် ကချင် ကလေးငယ်တဦးသေဆုံးခဲ့သလို အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီထိုးစစ်တွေကိုကြည့်ရင် မြန်မာစစ်တပ်ဘက်က (၂၁)ရာစု ပင်လုံဆိုတာကို အလိုမ ရှိဘူး၊ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး မလိုလား ဘူးဆိုတဲ့ သဘောထားကို ပြသနေကြောင်း ပြည်ပရောက် ကချင်တိုင်းရင်းသားတွေ က ပြောပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်ပြီး တင်ပြမှာပါ။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့နေ ရာတွေ မှာ မြန်မာ စစ်တပ်ဘက်က စစ်လေယာဉ်နဲ့ လက်နက်ကြီးတွေ အသုံးပြုတိုက် ခိုက်လာတဲ့ အ တွက် ကလေးငယ်တွေ သေဆုံးထိခိုက် ဒဏ်ရာရခဲ့ တာကြောင့် ပြည်တွင်း မှာသာမ က နိုင်ငံတကာရောက် တိုင်းရင်းသားတွေ ကလည်း မြန်မာစစ်တပ်ရဲ့ ထိုးစစ် ကို ပြင်းပြင်ထန်ထန် ဝေဖန်ကန့်ကွက်နေကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မုန်းကိုးမြို့နယ်က ကျေးရွာတခုမှာ မြန်မာစစ်တပ်ရဲ့ လက် နက်ကြီးကျရောက်မှုကြောင့် နှစ်နှစ်အရွယ် မိန်းကလေး တဦး အောက်တိုဘာ လ (၁)ရက်နေ့က သေ ဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဌ Gum Sanက အခုလိုပြောပြပါတယ်။

“အောက်တိုဘာ ၁ ရက်နေ့မှာ မနက် ၆ နာရီနဲ့ ၆ နာရီခွဲလောက်မှာ ပူအောင် ရွာပေါ့နော်၊ ပူအောင်ရွာဆိုတာ မုန်းကိုမှာရှိပါတယ်။ အခုကျနော်တို့ရဲ့ လွှတ်တော် ဥက္ကဋ္ဌဖြစ်တဲ့ ဦးတီခွန်မြတ်ရဲ့ ဇာတိပေါ့နော်။ အဲဒီမှာ ရွာကို အမြှောက်နဲ့ပစ်တယ်။ ၆ ကြိမ်ပစ်တယ်၊ အရပ်သားထိတယ် ကလေး ၂ ဦးထိခိုက်ဒဏ်ရာ ရတယ်၊ နောက် မန်ရှီဆေးရုံမှာ ကလေးအသက် ၂ နှစ်အရွယ် သေဆုံးသွားတယ်။”

တကယ်တမ်းအဲဒီနေရာ မှာ နှစ်ဘက်တိုက်ပွဲမျိုးမ ရှိပဲ မြန်မာ စစ်တပ်ဘက်က အရပ် သားတွေရှိတဲ့ ရွာတွေကို တမင်သက်သက်ပစ်ခတ် ခဲ့တာဖြစ်တယ် လို့ ဒေသ ခံတွေ ကပြောပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ် သက်လို့ မြန်မာစစ်တပ်ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အခုလို မြန်မာစစ်တပ်နဲ့ တိုက် ပွဲတွေ ပြင်း ထန်နေတဲ့အပေါ်မှာ Gum San ရဲ့သုံးသပ်ချက်ကတော့-

“ငြိမ်းချမ်းရေးမလိုချင်လို့ပါ၊ ငြိမ်းချမ်းရေး က တဦးတယောက်အဖွဲ့အစည်းတခုကို အကျိုးမပြုလို့ သူတို့ ဒီလိုတိုက်ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြောနေ တဲ့ဟာ က မြို့၊ ရွာတွေ၊ လမ်းပေါ်က အခွန်ကောက်တာတို့ ရှိတယ်လို့ပြောပေမယ့် ဒါက လမ်း နဲ့ အင်မတန်ဝေးတဲ့နေရာတွေပါ။ ဆိုတော့ သူတို့ နောက်ဆုံးကတော့ ၂၁ ရာစုပင်လုံဆိုတာကို မလိုချင်ဘူး၊ တကယ့်ကိုစစ်မှန်တဲ့ ဖက်ဒ ရယ်ပြည်ထောင် စုဆိုတာကို စစ်တပ်က မဖော်ဆောင်ချင်လို့ပဲ ဒီလိုလိုက်တိုက်နေရတယ်လို့ ကျနော်ကတော့မြင်ပါတယ်။”

အခုလို မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဖြစ်နေတာနဲ့ပတ်သက်လို့ အောက်တိုဘာလ (၇)ရက်နေ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်ဖို့ စီစဉ်နေကြောင်း Gum San ကပြောပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်အရှေ့ပိုင်း အခြေစိုက် မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေး (UWSA) နဲ့ မိုင်းလား (NDAA) နှစ်ဘက်ကြားမှာ စစ်ရေးတင်းမာ မှုတွေဖြစ်နေပါတယ်။ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ UWSA တပ် အင်အား (၆၀၀)ကျော်က သံချပ် ကာ ကားငါးစီးနဲ့ မိုင်းလားအခြေစိုက်စခန်းနှစ်ခုကို စက်တင်ဘာလ (၂၈) ရက်နေ့က ဝင်ရောက်သိမ်းပိုက်ခဲ့တယ်လို့ ကြားသိရကြောင်း အခြေအနေတွေ ကို စောင့် ကြည့်လေ့ လာနေတဲ့ သျှမ်းသံတော်ဆင့် သတင်းဌာနကို တည်ထောင်သူ ဦးခွန်ဆိုင်း က ပြောပါတယ်။

“မိုင်းလားနဲ့ ကျိုင်းတုံကြားမှာ ရှိတဲ့ ကတားပိ က တို့ဆိပ်ဆိုတာ က မြန်မာ့ တပ်မတော်ဘက်က ရှိတာပေါ့နော် အဲဒါကျော်သွားရင် မိုင်းလား နယ်မြေဖြစ်တယ်။ အဲဒီနယ်မြေမှာရှိနေတဲ့ တောင်ပေါ်တပ်စခန်း ၂ ခုနဲ့ နောက်ပြီးတော့မှ ကားဂိတ်ကို သူတို့ သိမ်းလိုက်တယ်ပေါ့နော်။ အဲဒီမှာ တပ်ရင်း ၁၅ ဆိုတာ စောင့်ထားတယ် လူအင်အားက ၁၅၁ ယောက်ကို သူတို့က အဲဒီမှာ ထိန်းသိမ်းထားတယ်ပေါ့နော် အဲဒီသတင်းထွက်လာပါတယ်။

မေး။ ။ အဲဒီမဟာမိတ် ၂ ဖွဲ့ကြားမှာ အဓိက ဖြစ်ရတဲ့အကြောင်းအရင်းကို အမျိုးမျိုးခန့်မှန်းနေကြတဲ့အချိန်မှာ အနီးစပ်ဆုံးပေါ့နော် ဘယ်ဟာများ ဖြစ်နိုင်ခြေ အခြေအနေရှိမလဲရှင့်။

ဖြေ။ ။ ဖြစ်နိုင်ခြေရှိတာက တဘက်က ၀ က NCA လက်မှတ်မထိုးဘူး သူတို့ မဟာမိတ်တွေအကုန်လုံးလက်မှတ်မထိုးသေးပါဘူးခင်ဗျ။ နောက်ပြီး ငြိမ်းချမ်းရေး ကိစ္စမှာ ပူးပေါင်းပါဝင်မှု ကလည်း နည်းတယ်။ သို့သော်လည်း မိုင်းလားအနေ နဲ့ ကတော့ သူက မိုင်းလားကို ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ် အသိအမှတ်ပြုမှုကို သူက ရယူချင်တယ် ၊ ဒါကြောင့်အစိုးရနဲ့ ဆက်ဆံမှုက လည်း တော်တော် ကြီးနီးနီး ကပ်ကပ်ဆက်ဆံမှုရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ၀ ဘက် က မကြေနပ်လို့လုပ်တယ်ဆိုတဲ့ အဲဒီလိုခံယူချက်မျိုးတော့ရှိတယ်။ တပ်မတော် ဘက်က ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျိုင်းတုံမှာရှိတဲ့ ၀ ဆက်ဆံရေး အရာရှိကိုမေး တယ်။ အဲဒါဘာဖြစ်တာလဲဆိုတော့ ဘာမှမဖြစ်ပါဘူး ဒါက ကျနော်တို့ စစ်လေ့ ကျင့်ရေးလုပ်တာပါ Exercise ပေါ့ဗျာ အဲဒါ လုပ်တာဖြစ်ပါ တယ်လို့ ပဲပြောတယ်။”

နောက်ဆုံးသတင်းတွေအရ UWSA ဘက်က ထိန်းသိမ်းထားတဲ့ မိုင်းလား NDAA တပ်ဖွဲ့ဝင် ၁၅၁ ဦးလုံးကိုပြန်လွှတ်ပေးလိုက်ပြီး စခန်းတွေကနေ ဆုပ်ခွာဖို့ သတိပေး ထားပေမဲ့ NDAA ဘက်ကတော့ တစုံတရာတုန့်ပြန်ခြင်းမရှိသေးဘူးလို့ ဦးခွန်းဆိုင်း ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG