သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ပုလဲဆိပ်ကမ်းကို လေ့လာမည်


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး

၁၉၄၁ ခုနှစ်က ဂျပန်တို့ ဝင်တိုက်ခဲ့တဲ့ အမေရိကန် ပုလဲဆိပ်ကမ်းကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဒီလနှောင်းပိုင်း သွားရောက်တဲ့အခါ တချိန်က ဂျပန်တို့ရဲ့လုပ်ရပ်အတွက် တောင်းပန်မှာတော့ မဟုတ်ဘူးလို့ ဂျပန်အစိုးရပြောခွင့်ရက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

အနာဂတ်မှာ အခုလို ဖြစ်ရပ်ဆိုးမျိုးတွေ ထပ်မဖြစ်စေဖို့နဲ့ အမေရိကန်နဲ့ ဂျပန် နိုင်ငံကြား ပြန်လည်သင့်မြတ်မှုကို လိုလားတယ်ဆိုတာကို ပြသနိုင်ဖို့အတွက် ဂျပန် ဝန်ကြီးချုပ် အခုလို ပုလဲဆိပ်ကမ်းကို သွားရောက်မှာဖြစ်တဲ့အကြောင်း ဂျပန်အစိုးရ အတွင်းဝန်ချုပ် Yoshihide Suga က ပြောဆိုလိုက် တာပါ။

ဒီနှစ်ဟာဆိုရင်တော့ အမေရိကန်ကို ဒုတိယကမ္ဘာစစ်ထဲမှာ ပါလာအောင် တွန်းပို့ရာကျခဲ့တဲ့ ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု ၇၅ နှစ် ပြည့် နှစ်ပတ်လည် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လတုန်းကတော့ - အမေရိကန်သမ္မတ ဘရာ့ခ်အိုဘားမား ဟာ ဒုတိယကမ္ဘာ စစ်အဆုံးသတ်ချိန် ၁၉၄၅ ခုနှစ်မှာ အမေရိကန်က ကမ္ဘာ့ပထမဆုံး အနုမြူဗုံး ကျဲချတိုက်ခိုက်ခဲ့တဲ့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့က အောက်မေ့ဘွယ်နေရာကို သွားရောက်ခဲ့ပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်ဆဲ အမေရိကန် သမ္မတတယောက် အနေနဲ့ ဟီရိုရှီးမား အောက်မေ့ဘွယ်နေရာကို ပထမဆုံးလာရောက်တဲ့ ခရီးစဉ်ပါ။ မစ္စတာ အာဘေးရဲ့ အခုခရီးစဉ်ဟာ သူနဲ့ သူ့ကိုထောက်ခံသူတွေ အတွက်တော့ စစ်ပြီးကာလနောက်ပိုင်း အမေရိကန်နဲ့ ဂျပန်အကြား ပုံမှန်ဆက်ဆံရေး အပြည့်အ၀ ပြန်လည် တည်ဆောက်မှုကို ပြသရာ ရောက်တယ်လို့ သုံးသပ်သူတချို့က ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG