သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိသျှအဆိုတော် GEORGE MICHAEL ကွယ်လွန်


ဗြိတိသျှအဆိုတော် GEORGE MICHAEL
ဗြိတိသျှအဆိုတော် GEORGE MICHAEL

Wham! ဂီတအဖွဲ့နဲ့အတူ နာမည်ကျော်ကြားခဲ့တဲ့ ဗြိတိသျှလူမျိုး အဆိုတော်၊ သီးချင်းရေးဆရာနဲ့ သီချင်းခွေထုတ်လုပ်သူ George Michael ဟာ အသက် ၅၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပါပြီ။

ကျနော်တို့ရဲ့ ချစ်လှစွာသော သားဖြစ်သူ၊ အကိုဖြစ်သူ မိတ်ဆွေဖြစ်သူ George ဟာ ခရစ္စမတ်စ်ကာလအတွင်း သူ့နေအိမ်မှာ အေးချမ်းစွာ ကွယ်လွန်သွားပြီဆိုတာ စိတ်နှလုံးအထူးကြေကွဲစွာ အသိပေးပါတယ်လို့ သူ့ရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံက ထုတ်ပြန်တခုမှာ ပြောထားပါတယ်။

မွေးနာမည် Georgios Kyriacos Panayiotou လို့ခေါ်တဲ့ George Michael ဟာ ၁၉၈၁ ခုနှစ် မှာ Andrew Ridgeley နဲ့အတူတွဲပြီး Wham! အဖွဲ့ကို မထောင်ခင်က လန်ဒန်မြေအောက်ရထား ဘူတာရုံတွေမှာ သီချင်းဆိုခဲ့ဖူး ပါတယ်။

ဆက်ကျော်သက်အရွယ် အဆိုတော်ဘ၀ အစောပိုင်းကာလတွေမှာ Wake Me Up Before You Go-Go, Young Guns (Go For It) နဲ့ Freedom တို့လိုသီချင်းတွေဆိုပြီး အကြီးအကျယ် အောင်မြင်ခဲ့သူပါ။ ပင်တိုင်အဆိုတော်တဦးအဖြစ် ပိုပြီး လေးနက် တည်ကြည်တဲ့ အဆိုတော် သီချင်းရေးဆရာဘဝကို တည်ဆောက်ခဲ့ပြီး သူ့ရဲ့ သိပ်ကိုကောင်းလွန်းတဲ့ အသံအရည်အသွေး အမျိုးမျိုးအပေါ် ဝေဖန်သူတွေက ချီးကျူးခံရသူပါ။ ၁၉၉၈ ခုနှစ်မှာတော့ သူဟာ gay တဦးဖြစ်တယ်လို့ Michael က ကြေညာခဲ့ပါ တယ်။ သူ့ရဲ့နေအိမ်ရှိတဲ့ အင်္ဂလန်နယ်၊ Oxfordshire အရပ်မှာ ခရစ္စမတ်စ်နေ့က ကွယ်လွန်သွားတာဖြစ်ပြီး နှလုံးရောဂါကြောင့် ဖြစ်တယ်လို့ သူ့ရဲ့မန်နေဂျာ Michael Lippman က ပြောပါတယ်။

ဗြိတိသျှအဆိုတော် GEORGE MICHAEL ကွယ်လွန်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG