သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယတည်ဆောက်ပေးတဲ့ စစ်တွေ ရေနက်ဆိပ်ကမ်း မတ်လထဲ ပြန်လွှဲပြောင်းမည်


စစ်တွေ ရေနက်ဆိပ်ကမ်း (MOI)
စစ်တွေ ရေနက်ဆိပ်ကမ်း (MOI)

မြန်မာနိုင်ငံက စစ်တွေ ရေနက်ဆိပ်ကမ်းကို လာမယ့် မတ်လ ဒုတိယပတ်အတွင်း ရခိုင်ပြည်အစိုးရလက်ထဲ အိန္ဒိယက လွှဲပြောင်းပေးတော့မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vikram Misri က ပြောပါတယ်။

အိန္ဒိယက တည်ဆောက်နေတဲ့ ဒီ စစ်တွေ ရေနက် ဆိပ်ကမ်းဟာ ၂ နိုင်ငံအကြား ဆက်သွယ်ပေးမယ့် ဆိပ်ကမ်းတခု ဖြစ်ပြီး တန်ချိန် ၂၀,၀၀၀ အထိ သယ်ဆောင်နိုင်တဲ့ သင်္ဘောတွေ ကုန်တင် ကုန်ချလုပ်နိုင်မှာ ဖြစ်ပါတယ်။ တန်ချိန် ၃,၀၀၀ ကနေ ၄,၀၀၀ အထိရှိတဲ့ ကုန်တင်သင်္ဘောတွေကတော့ စစ်တွေနဲ့ ချင်းပြည်နယ် ပလက်၀ ဆိပ်ကမ်းအကြား ကူးသန်း သွားလာနိုင်မှာ ဖြစ်ပါတယ်။ ပလက်၀ ဆိပ်ကမ်းကို ရောက်လာတဲ့ ကုန်ပစ္စည်းတွေကိုတော့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသကို ထရပ်ကားတွေနဲ့ တဆင့် သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီ ရေနက်စီမံကိန်းကနေ ရခိုင်ပြည်သူတွေနဲ့ အိန္ဒိယနိုင်ငံအကြား ဆက်သွယ်ပေးမှာ ဖြစ်ကြောင်း၊ တချိန်တုန်းကတော့ ရခိုင်ပြည်နယ် စစ်တွေ ဆိပ်ကမ်းနဲ့ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့အကြား ကုန်ပစ္စည်းတွေကို ရေကြောင်းကနေ သယ်ယူ ပို့ဆောင်ခဲ့ကြကြောင်း၊ ရခိုင်ပြည်သူတွေ အနေနဲ့ အလားတူ အခွင့်အရေးမျိုး မကြာခင် ပြန်ရကြတော့မှာဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံအနေနဲ့ ရခိုင်ပြည်သူ၊ ပြည်သားတွေ အလုပ်အကိုင်တွေ ရရှိပြီး ပြည်နယ် ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူ ပြုစေမှာ ဖြစ်ကြောင်း၊ ဒီ ရေနက် စီမံကိန်းဟာ အိန္ဒိယနိုင်ငံအတွက်မဟုတ်သလို၊ အိန္ဒိယက ဘယ်ကုမ္ပဏီ တခုအတွက်မှလည်း မဟုတ်ကြောင်း၊ မတ်လမှာ ဒီဆိပ်ကမ်းကို ရခိုင်ပြည်နယ် အစိုးရကို လွဲပြောင်း ပေးအပ်သွားမှာဖြစ်ကြောင်း သံအမတ်ကြီး Vikram Misri က ပြောပါတယ်။

ဒီ ရေနက် စီမံကိန်း ပြီးသွားပြီဆိုရင်တော့ ရခိုင်ပြည်နယ်အတွင်းက စီးပွားရေး လုပ်ငန်းတွေအနေနဲ့ အိန္ဒိယကို ကုန်ပစ္စည်းတွေ တင်ပို့တဲ့နေရာမှာ ရေကြောင်း၊ သို့မဟုတ် ကုန်းကြောင်းကနေ တင်ပို့နိုင်ကြတော့မှာ ဖြစ်ပါတယ်။

ဒီစံမံကိန်းဟာ အိန္ဒိယက တည်ဆောက်ခဲ့တဲ့ တခြား ရေနက်စီမံကိန်းတွေနဲ့ မတူကြောင်းလည်း သံအမတ်ကြီး Vikram Misri က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG