သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုကွန်ယက်ပေါ်က အချက်အလက်တွေ အပ်နှံဖို့ နိုင်ငံခြားကုမ္ပဏီတွေကို အီရန်ညွန်ကြား


လူမှုကွန်ယက်
လူမှုကွန်ယက်

နိုင်ငံခြား လူမှုကွန်ယက်တွေ အနေနဲ့ သူတို့ရဲ့ ကွန်ယက်တွေကို သုံးနေကြတဲ့ အီရန်နိုင်ငံသားတွေရဲ့ အချက်အလက် အားလုံးကို တနှစ်အတွင်း အီရန်အစိုးရကို လွဲပြောင်းပေးရတော့မှာ ဖြစ်ပါတယ်။

အီရန်နိုင်ငံထဲ လုပ်ကိုင်နေတဲ့ နိုင်ငံခြားလူမှုကွန်ယက် အနေနဲ့ နိုင်ငံတွင်းမှာ ဆက်လက် လုပ်ကိုင်ချင်တယ်ဆိုရင် သူတို့ သိမ်းထားတဲ့ အီရန်နိုင်ငံသားတွေရဲ့ အချက်အလက်တွေ အားလုံးကို လွှဲပြောင်းပေးရမယ်လို့ ဆိုင်ဘာအချက်အလက်ဆိုင်ရာ အီရန်ရဲ့ ဥသျှောင်ကောင်စီရဲ့ မှတ်ချက်ပေး ပြောကြားချက်ကို အီရန်အစိုးရ သတင်းမှာ ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီပြောကြားချက်ဟာ အီရန်နိုင်ငံတွင်း သုံးစွဲသူ သန်း ၂၀ ကျော်ရှိနေတဲ့ Telegram လို့ခေါ်တဲ့ ပုံမှန် မက်ဆေ့စ် သတင်း ပို့လို့ရတဲ့ application အတွက် သက်ရောက်မှု ရှိမယ်လို့ မျှော်လင့်ရပါတယ်။

အီရန်အစိုးရက ဖေစ့်ဘုတ်နဲ့ တွစ်တာ တို့လို လူသုံးများတဲ့ လူမှု မီဒီယာ ဝက်ဘ်ဆိုက် စာမျက်နှာတွေကို ပိတ်ထားပြီး တခြား စာမျက်နှာတွေကိုလည်း ဆင်ဆာလုပ် တည်းဖြတ်လေ့ ရှိပေမယ့် အီရန်နိုင်ငံသား အင်တာနက် သုံးစွဲသူတွေကတော့ software တချို့နဲ့ ရအောင် ဖေါက်ပြီး သုံးလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG