သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစာတိုးချင်လို့ ပုန်ကန်တဲ့ စစ်တပ်


Ivory Coast နိုင်ငံက စစ်သားတွေ၊
Ivory Coast နိုင်ငံက စစ်သားတွေ၊

သောကြာနေ့တုန်းက Ivory Coast နိုင်ငံထဲက စစ်သားတွေဟာ လခတိုးရဖို့အတွက် မြို့သုံးမြို့မှာ တပ်တွင်းပုန်ကန်မှု လုပ်ခဲ့ပါတယ်။ နိုင်ငံတွင်းက ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ Bouake မြို့အတွင်း ဒေသစံတော်ချိန် မနက် ၁ နာရီလောက်မှာ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

စစ်သားတွေဟာ ဒေသတွင်းမှာရှိတဲ့ ရဲစခန်းတွေကနေ လက်နက်တွေ လုယူခဲ့ပြီးတော့ မြို့ရဲ့ တောင်နဲ့မြောက်ခြမ်းက ဝင်ပေါက်တွေကိုလည်း သိမ်းပိုက်လိုက်တယ်လို့ Abidjan မြို့မှာရောက်နေတဲ့ သတင်းထောက် Narita Namaste က VOA ကိုပြောပါတယ်။

Korhogo နဲ့ Daloa မြို့တွေမှာလည်း အလားတူ တပ်တွင်း ပုန်ကန်မှုတွေဖြစ်ပွားခဲ့ပါတယ်။ Bouake မြို့မှာရှိတဲ့ တာဝန်ရှိတွေက တပ်သားတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေလုပ်နေတယ်လို့ Ivory Coast ကာကွယ်ရေးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်တခုထဲမှာ ပြောဆိုထားပါတယ်။

တပ်သားက အပိုဆုကြေးငွေနဲ့ လခတိုးရဖို့ တောင်းဆိုတာအပြင် လခတိုးရဖို့ လိုအပ်တဲ့ အဆင့်သတ်မှတ်ချက် အချိန်ကာလကိုလည်း လျော့ချပေး ဖို့ တောင်းဆိုနေကြတာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လုံခြုံရေးတိုးမြှင့်ချထားတဲ့အနေနဲ့ Ivory Coast စစ်တပ်တွေကိုလည်း အသင့် အနေအထား တပ်လှန့်ထားတယ်လို့လည်း ကာကွယ်ရေးဌာနကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG