သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီ-အမေရိကန် နှစ်နိုင်ငံသားခံယူသူ သမ္မတအဖြစ် အရွေးခံရ


ဆိုမာလီဥပဒေပြုအမတ်တွေက အမေရိကန်-ဆိုမာလီ နှစ်နိုင်ငံသားခံထားသူ ဝန်ကြီးချုပ်ဟောင်းတဦးကို သမ္မတသစ်အဖြစ် ဗုဒ္ဓဟူးနေ့က ရွေးချယ် လိုက်ကြပါတယ်။

ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှုး မြို့တော်က လွှတ်တော်မှာ ၂ ကြိမ်တိုင်တိုင် မဲခွဲဆုံးဖြတ်ခဲ့ကြပြီးနောက် - Farmajo လို့ လူသိများတဲ့ မိုဟာမက် အပ်ဒူလာဟီ မိုဟာမက် အနိုင်ရကြောင်း ကြေညာခဲ့တာပါ။

ဒုတိယအကြိမ် မဲပေးရွေးချယ်ရာမှာ - လက်ရှိသမ္မတ ဟာစန် ရှိတ် မိုဟာမက်နဲ့ သမ္မတဟောင်း ရှိတ် ရှရဖ် ရှိတ် အာမက်တို့ကို အပြတ်အသတ် အသာရပြီး ဖာမာဂျို က - ထောက်ခံမဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မဲရေတွက်ပြီးနောက် ပြိုင်ဘက်ခေါင်းဆောင် မိုဟာမက် က ရှုံးနိမ့်မှုကို လက်ခံခဲ့ပြီး - မိုဂါဒစ်ရှုးမြို့ နိုင်ငံတကာလေဆိပ်က နေရာတခုမှာ ရှိနေကြတဲ့ လူအုပ်ကြီးရဲ့ လက်ခုတ်သြဘာသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဆိုမာလီမြို့တော်က လမ်းမတွေပေါ်မှာလည်း အောင်ပွဲခံ အခမ်းအနားတွေ ကျင်းပခဲ့ကြသလို၊ ဂုဏ်ပြုတဲ့ အနေနဲ့ သေနတ်ပစ်ဖောက်တာတွေ ရှိခဲ့ကြောင်း မျက်မြင်တွေ့သူတွေက ဗွီအိုအေ ဆိုမာလီဌာနကို ပြောဆိုခဲ့ပါတယ်။

သမ္မတသစ်ကလည်း - မြန်မြန်ဆန်ဆန်ပဲ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး၊ တိုင်းပြည် လုံခြုံရေးတိုးတက်စေဖို့၊ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့နဲ့ ဆင်းရဲသားတွေ ကို ကူညီဖို့ ကတိပြုပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG