သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီမြို့တော် တိုက်ခိုက်မှု လူ ၃၀ ကျော် သေဆုံး


ဆိုမားလီးယားနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်က ဟိုတယ်တခုကို သေနတ်သမားတွေ တရစပ် ပစ်ခတ် ဝင်ရောက် စီးနင်းမှုကြောင့် လွှတ်တော်အမတ်တွေ အပါအဝင် ၃၀ ကျော် သေဆုံးသွားပါတယ်။ ဆိုမာလီ သောင်းကျန်းသူ အယ်လ် ရှာဘပ်ဘ် (Al Shabab) အဖွဲ့ ပြောခွင့်ရသူ ရှိတ်ခ် အလီ မိုဟာမက် ရာဂျီ (Sheikh Ali Mohamud Rage) က သူတို့လုပ်တာလို့ ပြောပါတယ်။

ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်မှာ လက်နက်ကိုင် သေနတ်သမားတွေဟာ မူနာ (Muna) ဟိုတယ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်တွေက ဗွီအိုအေ ဆိုမာလီဌာနကို ပြောပါတယ်။

ဟိုတယ်အပြင်က အစောင့် ၂ ယောက်ကို ပစ်သတ်ပြီး သေနတ်သမားတွေ ဟိုတယ်ထဲ တရကြမ်း ဝင်ရောက်ကာ တခန်းဝင် တခန်းထွက် သေနတ်နဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ပြောပြကြပါတယ်။ ဟိုတယ်မှာ ဆိုမာလီ လွှတ်တော်အမတ်တွေနဲ့ အစိုးရ အရာရှိတွေ အများအပြား နေထိုင်ကြပါတယ်။

သေနတ်သမား ၂ ယောက်က အသေခံ ဗုံးခွဲဝတ်စုံတွေကို ဝတ်ဆင်ထားကြပြီး ပစ်ခတ်လို့ ကျည်ဆံကုန်သွားတဲ့အခါ အသေခံ ဖောက်ခွဲလိုက်ကြတယ်လို့ လွှတ်တော်အမတ် တယောက်က ဗွီအိုအေကို ပြောပါတယ်။

အစိုးရ ပြောတာကတော့ သေနတ်သမားက ၂ ယောက်ဖြစ်ပြီး အစိုးရ ယူနီဖောင်း ဝတ်ဆင်ထားကြတယ်လို့ ပြောပါတယ်။ လွှတ်တော်အမတ် ၆ ယောက်၊ လုံခြုံရေး ၅ ယောက် အပါအဝင် စုစုပေါင်း သေဆုံးသူ ၃၁ ယောက်လို့ အစိုးရက ပြောပါတယ်။

ဆိုမားလီးယားနိုင်ငံမှာ ယဲ့ယဲ့သာရှိတဲ့ အစိုးရအဖွဲ့ကို အယ်လ် ရှာဘပ်ဘ်နဲ့ ဟစ်ဇ်ဘူလ် အစ်စ်လမ် (Hizbul Islam) သူပုန်အဖွဲ့တွေက ဖြုတ်ချဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG