သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုးရီးယား သမ္မတ နှုတ်ထွက်ရေး ဆန္ဒပြပွဲဆက်


ဆိုးလ်မြို့တော်မှာ သိန်းနဲ့ချီတဲ့ ပြည်သူတွေ သမ္မတရာထူးကနှုတ်ထွက်ပေးဖို့ ဆန္ဒပြနေကြစဉ် -နိုဝင်ဘာလ ၁၂၊ ၂၀၁၆
ဆိုးလ်မြို့တော်မှာ သိန်းနဲ့ချီတဲ့ ပြည်သူတွေ သမ္မတရာထူးကနှုတ်ထွက်ပေးဖို့ ဆန္ဒပြနေကြစဉ် -နိုဝင်ဘာလ ၁၂၊ ၂၀၁၆

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ Park Geun-hye ရာထူးကနေ နုတ်ထွက်ပေးဖို့ သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ စနေနေ့က ဆက်လက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူပေါင်း ၂၆၀,၀၀၀ လောက်ရှိနေပြီး နှစ်ပေါင်း (၃၀)အတွင်း တောင်ကိုး ရီးယားနိုင်ငံမှာ အကြီးမားဆုံး ဆန္ဒပြပွဲကြီး တခုဖြစ်တယ်လို့ ဆိုးလ်မြို့တော်က ရဲအရာရှိတဦးကပြောပါတယ်။ ဆန္ဒပြပွဲစီစဉ်သူတွေဘက်ကတော့ လူပေါင်း သန်းနဲ့ချီရှိတယ်လို့ ဆိုပါတယ်။

အထက်တန်းကျောင်းသူကျောင်းသားတွေကအစ ကက်သလစ် မယ်သီလရှင်တွေ အပါအဝင် လယ်သမားတွေ၊ ပင်စင်စားတွေ၊ ငယ်ရွယ်တဲ့စုံတွေနဲ့ သူတို့ရဲ့ ကလေးငယ်တွေနဲ့ သမ္မတအိမ်တော်ရှေ့ လမ်းမတွေပေါ်မှာ ချီတက်ဆန္ဒပြကြပြီး သမ္မတ ရာထူးကနေနှုတ်ထွက်ဖို့ ကြွေးကြော်ခဲ့ကြပါတယ်။

ဒါအပြင် ဆန္ဒပြသူတွေဟာ ညနေပိုင်းရောက်လာချိန်မှာ ဖယောင်းတိုင်တွေထွန်းညှိုပြီး၊ ပိုစတာတွေ ကိုင်ဆိုင်ကာ ကြွေးကြော်သံတွေနဲ့ ဆက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆိုးလ်မြို့က ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့အင်အား ၂၀,၀၀၀ သောင်းကျော် ဖြန့်ချထားပါတယ်။

XS
SM
MD
LG