သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SpaceX ကုမ္ပဏီရဲ့ ရိက္ခာပို့ Falcon-9 အာကာသယာဉ် နိုင်ငံတကာ အာကာသစခန်းကို ဆိုက်ရောက်


SpaceX ကုမ္ပဏီရဲ့ ရိက္ခာပို့ Falcon-9 အာကာသယာဉ်
SpaceX ကုမ္ပဏီရဲ့ ရိက္ခာပို့ Falcon-9 အာကာသယာဉ်

ဒီကနေ့ မနက်အစောပိုင်းမှာ ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်တဲ့ SpaceX ကနေ ထောက်ပံ့ရေးပစ္စည်း ရိက္ခာတွေတင်ဆောင်ထားတဲ့ Falcon-9 အာကာသဒုံးယာဉ်ကို နိုင်ငံတကာစခန်းဆီ ပစ်လွှတ်ခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Canaveral အငူကနေ လွှတ်တင်ပြီး မိနစ်အနည်းငယ်အကြာမှာ အာကာသယာဉ်ကို တွန်းတင်တဲ့ ပင်မ ရော့ကက်ဒုံး အစိတ်အပိုင်းကို ယာဉ်စီကနေ ပြန်ဖြုတ်လိုက်နိုင်ခဲ့ပြီးနောက် အာကာသယာဉ် ပစ်လွှတ်တဲ့နေရာကနေ ကီလိုမီတာ အနည်းငယ်ကွာဝေးတဲ့နေရာ မှာ ဒေါင်လိုက် ဖြေးညှင်းစွာ ဆင်းသက်နိုင်စေခဲ့ပါတယ်။

Falcon-9 ရော့ကက်ယာဉ်ပေါ်တင်ဆောင်သွားတဲ့ ပစ္စည်းတွေထဲမှာ ကမ္ဘာကို လှည့်ပတ်နေတဲ့ နိုင်ငံတကာအာကာသစခန်းနဲ့ ချိတ်ဆက်ရာမှာ အသုံးပြုတဲ့ Docking ring လည်းပါဝင်ပါတယ်။

ဒါဟာ အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ဝင်တွေကို နိုင်ငံတကာဆီ ပို့ဆောင်ဖို့ SpaceX ရဲ့ အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်။ အာကာသစခန်းနဲ့ ကမ္ဘာမြေက ပစ်လွှတ်လိုက်တဲ့ အာကာသယာဉ် ချိတ်ဆက်နိုင်ဖို့ ဒီ ကိရိယာကို တပ်ဆင်ပြီးရင် နောင်နှစ်မှာစတင်ဖို့ရှိတဲ့ အာကာသ သိပ္ပံပညာရှင်တွေပါဝင်တဲ့ အာကာသယာဉ်တွေဟာ Docking ring မှာ ရပ်နားနိုင်မှာပါ။

လွန်ခဲ့တဲ့ နှစ်က လွှတ်တင်ခဲ့တဲ့ SpaceX ပေါ် တင်ဆောင်သွားတဲ့ Docking ring ကတော့ ဒုံးယာဉ်လွှတ်တင်ပြီး မကြာခင်မှာပဲ ပျက်စီးသွားပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာ ကစလို့ အာကာသယာဉ်တွေ တွန်းတင်ပေးတဲ့ ရော့ကက်တက်ဒုံးတွေ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်လာတာမှာ ၄ ကြိမ်မြောက် ဒေါင်လိုက် ဆင်းသက်နိုင်အောင် SpaceX အနေနဲ့ ကြိုးပမ်းအားထုတ်နိုင်ခဲ့ပါတယ်။

SpaceX ရဲ့ ရိက္ခာပို့ Falcon-9 အာကာသယာဉ်
please wait

No media source currently available

0:00 0:00:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG