သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ ရဲ့ ထိပ်တန်း နည်းပညာ ၁၀ ခု


A display inside a Tesla Model 90D during a demonstration of self-driving car technology on Capitol Hill in Washington, March 15, 2016.
A display inside a Tesla Model 90D during a demonstration of self-driving car technology on Capitol Hill in Washington, March 15, 2016.

လူသားတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး အတွက် ၂၀၁၆ ခုနှစ် ထဲမှာ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တဲ့ သိပ္ပံနဲ့ နည်းပညာရပ်ဆိုင်ရာ တီထွင်ကြံဆမှုတွေ အကြောင်းကို သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။

၂၀၁၆ ရဲ့ ထိပ်တန်း နည်းပညာ ၁၀ ခု
please wait

No media source currently available

0:00 0:07:10 0:00
တိုက်ရိုက် လင့်ခ်

ထူးခြားတဲ့ အအောင်မြင်ဆုံးလို့ ပြောနိုင်တဲ့ တခုကတော့ Immune Engineering နည်းပညာနဲ့ ကိုယ်ခံအား ကောင်းစေတဲ့ မျိုးဗီဇ ရအောင်ထုတ်တဲ့နည်းပါ။ ကိုယ်ခံအားကောင်းဖို့ အဓိကလုပ်ပေးတဲ့ T lymphocyte လို့ခေါ်တဲ့ T cell မထုတ်နိုင်တော့တဲ့ သွေးကင်ဆာ ဝေဒနာရှင်ကလေးကို စမ်းသပ်ကုသ ရာ ကနေ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ပိုးတမျိုးနဲ့ တွဲပြီး စမ်းသပ်မှု ကနေ အောင်မြင်ခဲ့ တဲ့နောက်မှာ ဒီနှစ်အတွင်း ဝေဒနာရှင် ၅၀၀ လောက်ကို ကုသပေးနိုင်ခဲ့ တာဖြစ်ပါတယ်။

နောက်တခုက အပင်တွေမှာ ရောဂါပိုးကျတာနဲ့ ရာသီဥတုဒဏ် ခံနိုင်အောင်၊ အထွက်တိုးအောင် မျိုးဗီဇ gene ကို ပြုပြင်ပေးနိုင်တာပါ။ Precise Gene Editing ဇီဝစီစစ် ခွဲထုတ်မှု နည်းပညာ ကို သုံးပါတယ်။ ရိုးရိုး ခွဲထုတ်ပြုပြင်မှုတွေကို လုပ်နိုင်တာ အတော်ကြာနေပြီဖြစ် ပေမယ့် ဒီလိုပြုပြင်ထားတဲ့ မျိုးတွေဟာ မူလမျိုး လုံးဝ ပျောက်မသွားနိုင်သေးတာမို့ လူတွေ စားသုံးရင် အန္တရာယ်ရှိ တာ တွေ့ရ ပါတယ်။ အခု အတိအကျ ခွဲထုတ်မှုကနေ မူလ သဘာဝ အတိုင်း မျိုးကောင်း မျိုးသန့်တွေ ရအောင် ပြန်ထုတ်နိုင်တာမို့ အန္တရာယ်ကင်းတော့မှာ ဖြစ်ပါတယ်။

Speech Technology လို့ခေါ်တဲ့ စမတ်ဖုံးတွေမှာ စကားပြောကို စာ အဖြစ်ပြောင်း ရေးပေးနိုင် တဲ့ နည်းပညာကို ထွင်နိုင်ခဲ့ပါတယ်။ Apple တို့ Samsung တို့ မှာ voice interface အသံနဲ့ ခိုင်းလို့ ရနေတာ ကြာပါပြီ။ အခု အသံနဲ့ စာရေးသားနိုင်တာကို ဘာသာစကား အတော်များများမှာ သုံးနိုင်ပါပြီ။ ဥပမာ တရုတ်စာတွေကို ရေးရတာ ခက်ပေမယ့် Baidu (advance speech technology သုံး search engine) မှာ ဆို ပါးစပ်က ပြောရုံနဲ့ အမြန်ပြီး စီးနိုင်တာမို့ သိပ်အသုံးတဲ့ တဲ့ နည်းပညာ တခု ဖြစ်ပါတယ်။ Standford တက္ကသိုလ်က Baidu သိပ္ပံပညာရှင် Andrew Ng ကတော့ စိတ်ချရပါ့မလားလို့ စဉ်းစားစရာတောင် မလိုပဲ တန်းသုံးနိုင်တဲ့ အဆင့်ရောက်နေပြီလို့ ဆိုပါတယ်။

အာကာသသွား ဒုံးပျံတွေကို အခုအခါမှာ ပြန်ပြီး သုံးလို့ ရအောင် လုပ်နိုင်ပါပြီ။ ၂၀၁၆ ဧပြီလထဲမှာ space X ကုမ္ပဏီနဲ့ နာဆာတို့ တွဲပြီး နည်းပညာသစ်တခုကို ထွင်ခဲ့ပါတယ်။ reusable rockets ပါ။ အာကာသထဲကို ဒုံးပျံတွေ လွှတ်တင်တဲ့ အခါ ဒုံးပျံရဲ့ ပထမ အဆင့်ဟာ ရေထဲကျပျက်စီးသွားတဲ့ အတွက် အလကား ပစ်လိုက် ရတာပါ။ အခုတော့ ပစ်တင်လိုက်တဲ့ ပထမအဆင့် ဒုံးယာဉ်ဟာ အပေါ်ရောက်သွားပြီး ဒုတိယ အဆင့်နဲ့ ကွဲထွက်သွားပြီး ကမ္ဘာပါတ်လမ်းတို့ ဂြိုဟ်ပါတ်လမ်းတို့်ထဲ ဆက်သွားချိန်မှာ ပထမအဆင့်က မြေပြင်က လွှတ်တင် လိုက်တဲ့ နေရာကို ပြန်လာနိုင်ပါပြီ။ ဒါဟာ နောက်တကြိမ်ထက်မက အကြိမ် ၅၀ လောက်အထိ ပြန်ပြီး သုံးနိုင်အောင် တီထွင်ထားတာပါ။ ဒါ့ကြောင့် အရင်က ဒုံးပျံတခု လွှတ်တင်ဖို့ ကုန်ကျစားရိတ် ဒေါ်လာ သန်း ၆၀ လောက်ကုန်မယ့်အစား အခု ၄၀ % လောက်သက်သာပြီး သန်း ၂၅ - ၃၀ လောက်သာ ကုန်ကျတော့ မှာ ဖြစ်ပါတယ်။

AI နည်းပညာရပ်မှာ စက်ရုပ်တခုကနေ နောက်တခုကို နည်းပညာ ဖလှယ်ပေးနိုင်အောင် လုပ်လာနိုင်ပါပြီ။ စက်ရုပ်ကို သင်ပေးဖို့ ရေးရတဲ့ ကွန်ပြူတာ program သင်္ကေတတွေဟာ ခက်ခဲသလို ရှုပ်ထွေးလှပါတယ်။ အခု စက်ရုပ် တခုကိုသင်ပေး ပြီးရင် နောက်စက်ရုပ်တွေကို နည်းပညာ ဖလှယ်တဲ့ စံနစ် ကို အောင်မြင် စွာ တီထွင်နိုင်ခဲ့တာပါ။

ကိုယ့်ရဲ့ DNA ကို လွယ်လွယ်ကူကူ သိအောင် လုပ်ပေးနိုင်တဲ့ App တွေ ပေါ် လာပြီမို့ ကျန်းမာရေး အတွက် သတင်းကောင်းတခုပါ။ လူတဦးချင်းစီရဲ့ DNA ဇီဝ သင်္ကေတကို အတော်လွယ်ကူစွာ စီစစ်နိုင်ပြီမို့ အရင်က တခါစစ်ရင် ဒေါ်လာ ၅ထောင် တသောင်းလောက် ကျမယ့်အစား နောင်မှာ ကွန်ပြူတာ အွန်လိုင်းပေါ် ကနေ App တခုကို မြန်မာငွေ သောင်းဂဏန်း နဲ့ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ DNA ဟာ မွေးရာပါ သင်္ကေတာ ဖြစ်တာမို့ ဘာရောဂါ ဖြစ်နိုင်တယ်၊ ဘယ်လို ကာကွယ်နိုင်မယ် ဆိုတာတွေကို လွယ်လွယ်ကူကူ သိနိုင်တော့မှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံ မြောက်ပိုင်းက Buffalo မှာ နေစွမ်းအင်ကို သုံးပြီး လ ျှပ်စစ် ထုတ်နိုင်တဲ့ ဆိုလာပြားတွေကို တနေ့ကို တသောင်းလောက် ထုတ်ပေးနိုင်မယ့် စက်ရုံတည်ဆောက်နေပါပြီ။ လက်ရှိသုံးနေတဲ့ ဆိုလာပြားတွေထက် စွမ်းအင် ပိုများ သလို ဈေးလည်း ပိုသက်သာတဲ့ စွမ်းအားမြင့် ဆိုလာပြားတွေ ထုတ်လာနိုင် တာ ဖြစ်ပါတယ်။

Slack လို့ခေါ်တဲ့ လုပ်ငန်းခွင်သုံး software ကတော့ အီးမေးလ်နဲ့ ပို့နေရမယ့် အချိန်ကို လျှော့ချပေးနိုင်တာမို့ လုပ်ငန်းခွင်မှာ ပိုအဆင်ပြေစေပါတယ်။ ရုံးတွေမှာ သုံးတဲ့ ကွန်ပြူတာတွေဟာ data အချက်အလက်တွေ အများကြီး သိမ်းထားရ တာပါ။ hard drive တခုကနေ နောက်တခုထဲ ပို့တဲ့နေရာမှ အချိန်သိပ်ယူ ရပေ မယ့် အခု Slack ကို သုံးရင် ရုံးသူရုံးသား တွေကြား အလုပ်ပို တွင်ကျယ် လာပြီ ဖြစ်ပါတယ်။

Tesla ကုမ္ပဏီရဲ့ တီထွင်မှု တခုကတော့ လျှပ်စစ်ကားတွေမှာ software တွေကို အဆင့်မြှင့်ပေးပြီး autopilot အလိုအလျှောက်မောင်းနိုင်အောင် လုပ်ပေးတာဖြစ် ပါတယ်။ သူ့ကုမ္ဗဏီထုတ် လ ျှပ်စစ်ကားတွေမှာ ဈေးသက်သက်သာသာနဲ့ software ကို အဆင့်မြှင့်ပေးနိုင်တာပါ။ ကားထဲက ကင်မရာတွေ၊ ရေဒီယိုတွေ၊ ဒစ်ဂျစ်တယ် ကွန်ပြူတာနဲ့ ထိမ်းချုပ်ထားတဲ ဘရိတ်တို့၊ လီဗာတို့ အဆင့်မြင့် လာပြီး မောင်းသူက သိပ်အလုပ်လုပ် စရာ မလိုပဲ လေယာဉ်တွေမှာ မောင်းသလို ကားမှာ အလိုအလေ ျှာက် စံနစ်က ပိုအဆင့်မြင့်လာပြီး အလို အလေ ျှာက် မောင်းနိုင်အောင် ကြိုးစား နေတာ ဖြစ်ပါတယ်။

လေထဲကနေ စွမ်းအားယူပြီး ပိုအသုံးတဲ့တဲ့ ဝိုင်ဖိုင်စက်သစ် တမျိုးကို အမေရိကန် အနောက်ဘက်ခြမ်းက Washington တက္ကသိုလ်က တီထွင်နိုင်ပါပြီ။ လက်ကိုင် ဖုံးတွေ၊ လက်တော့ပ်တွေ၊ tablet တွေကို လျှပ်စစ်ဓါတ်ကြိုးနဲ့ ဆက်ပြီး အားသွင်း စရာ မလိုတော့ပဲ ဝိုင်ဖိုင်စက်ကနေ ဓါတ်ကြိုးမပါ အားသွင်းနိုင်တာမို့ လျှပ်စစ် ပမာဏ သိပ်သုံးစရာ မလိုတော့တဲ့ တီထွင်မှု တခုလို့ ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။

XS
SM
MD
LG