သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

St.Petersburg မြေအောက်ဘူတာရုံပေါက်ကွဲမှု လူ ၉ ဦးထက်မနည်းသေဆုံး


St.Petersburg မြေအောက်ဘူတာရုံပေါက်ကွဲမှု
St.Petersburg မြေအောက်ဘူတာရုံပေါက်ကွဲမှု

ရုရှားနိုင်ငံ စိန့်ပီတာစဘဂ်မြို့က မြေအောက် ရထားဘူတာရုံ တခုမှာ ပေါက်ကွဲမှု ဖြစ်တာကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး တခြားလူ ၅၀ တို့ ထိခိုက်ဒဏ်ရာရတယ်လို့ ရုရှား အာဏာပိုင်တို့က ပြောပါတယ်။

မြို့လယ်က Sennaya Square မြေအောက် ရထားဘူတာရုံမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ရုရှား မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ St. Petersburg က တခြားရထားဘူတာရုံမှာ မပေါက်ကွဲသေးတဲ့ ဖောက်ခွဲပစ္စည်းကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီလို့ ရုရှားအကြမ်းဖက်မှု တန်ပြန် ချေမှုန်းရေးကော်မတီက ပြောဆိုပါတယ်။

ရုရှားနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ စိန့်ပီတာစဘဂ်က မြောက်အောက် ရထားဘူတာရုံ အားလုံးကို ပိတ်လိုက်ပါပြီ။

ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှု အပါအဝင် ဖြစ်နိုင်ခြေ ရှိတာတွေ အားလုံးကို စုံစမ်းစစ်ဆေးသူတွေ စစ်ဆေးနေတယ်လို့ ရုရှား သမ္မတ Vladimir Putin က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG