သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Supermoon ကြီး ထိန်ထိန်သာ


တရုတ်နိုင်ငံ Beijing တွင် supermoon ကို နိုဝင်ဘာလ ၁၄ ရက်ည တွေ့ရစဉ်
တရုတ်နိုင်ငံ Beijing တွင် supermoon ကို နိုဝင်ဘာလ ၁၄ ရက်ည တွေ့ရစဉ်

နှစ်ပေါင်း ၆၉ နှစ်အတွင်း အရွယ်အစားအကြီးဆုံးနဲ့ အလင်းထိန်ဆုံး ဖြစ်တဲ့ လကြီးကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနေရာစုံက ကောင်းကင်ယံမှာ ဒေသစံတော်ချိန်ကွဲပြားတဲ့အလိုက် နိုဝင်ဘာ ၁၃ နဲ့ ၁၄ ရက် ညတို့မှာ မြင်တေ့ွခဲ့ကြရပါတယ်။

Australia၊ အာရှ၊ ဥရောပ၊ အာဖရိကစတဲ့တိုက်ကြီးတွေအပြင် အခုဆိုရင် အမေရိကတိုက်မှာ စတွေ့ရပြီဖြစ်တဲ့ ထိန်ထိန်လင်းနေတဲ့ Supermoon လကြီးကို တချို့မြို့တွေမှာ လူတွေ စုဝေးပြီး စောင့်ကြည့်ကြပါတယ်။

ကမ္ဘာကိုပတ်နေတဲ့လက ကမ္ဘာနဲ့အနီးဆုံးနေရာကို ရောက်နေချိန်မှာ ခုလို ကြီးမား တောက်ပနေတဲ့ လကြီးကို အနီးကပ်မြင်တွေ့ရတာဖြစ်ပါတယ်။ လမင်းကြီးအနေနဲ့ သာမန်မြင်နေကြတဲ့ အရွယ်အစားထက် ၇ ရာခိုင်နှုန်း ပိုကြီးပြီး ၁၅ ရာခိုင်နှုန်း ပိုတောက်ပနေတာဖြစ်ပါတယ်။

ဒီလိုမြင်တွေ့ရတာဟာ ၁၉၄၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ခုလို Super Moon ကိုနောက်ထပ်တေ့ွနိုင်ဖို့က ၁၈ နှစ် အကြာဖြစ်တဲ့ ၂၀၃၄ ခုနှစ်မှာဖြစ်တော့မယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

Supermoon ကြီး ထိန်ထိန်သာ
please wait

No media source currently available

0:00 0:00:35 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG