သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေအထက် မည်သူမှမရှိဟု Gorsuch ထွက်ဆို


Imperial guards wear protective face masks during a reenactment of the Royal Guards Changing Ceremony in front of Deoksu Palace in Seoul, South Korea, Jan. 30, 2020.
Imperial guards wear protective face masks during a reenactment of the Royal Guards Changing Ceremony in front of Deoksu Palace in Seoul, South Korea, Jan. 30, 2020.

အမေရိကန်ပြည်ထောင်စု နိုင်ငံတော်တရာရုံးချုပ် တရားသူကြီးအဖြစ် သမ္မတ Donald Trump ခန့်အပ်ဖို့ ရွေးချယ်ထားတဲ့ ပြည်ထောင်စု အယူခံ တရားရုံး တရားသူကြီး Neil Gorsuch က အမေရိကန်မှာ ဥပဒေရဲ့အထက်မှာ သမ္မတအပါအဝင် ဘယ်သူမှ မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။ သူ့ကိုရာထူးခန့်အပ်သင့် မသင့် အထက်လွှတ်တော် တရားရေးကော်မတီ ကြားနာပွဲမှာ သူက ခုလို ထွက်ဆိုခဲ့တာပါ။ တရားသူကြီးကောင်း တယောက်ဟာ နိုင်ငံရေးရဲ့ လွှမ်းမိုးမှုကို မခံဘူးလို့ ထွက်ဆိုခဲ့တဲ့ အင်္ဂါနေ့က ကြားနာပွဲ အကြောင်းကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

တရားသူကြီး ၉ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံတော် တရာရုံးချုပ်မှာ လောလောဆယ် လစ်လပ်နေတဲ့ တရားသူကြီး ၁ နေရာအတွက် သမ္မတ Donald Trump ရွေးချယ်ထားသူ Colorado ပြည်နယ် ပြည်ထောင်စု အယူခံတရားရုံး တရားသူကြီး Neil Gorsuch ကို အထက်လွှတ်တော် တရားရေးကော်မတီမှာ အင်္ဂါနေ့က ဒုတိယမြောက်နေ့ အဖြစ် လွှတ်တော်အမတ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

သူ့အနေနဲ့ ဘယ်သူ့ကိုမဆို တရားဥပဒေအတိုင်း အဆုံးအဖြတ် ပေးမှာဖြစ်ပြီး အမေရိကန်မှာ ဘယ်သူမှ တရားဥပဒေအထက်မှာ မရှိဘူးလို့ Neil Gorsuch က ထွက်ဆိုသွားခဲ့ပါတယ်။

“ဒီနိုင်ငံမှာ ဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူး။ အဲဒီထဲမှာ အမေရိကန်သမ္မတလည်းပါ ပါတယ်။”

သူဟာသမ္မတ Trump ကိုယ်စား အဆုံးအဖြတ်ပေးမယ့် တရားသူကြီး ဖြစ်မှာလား ဆိုတဲ့ မေးခွန်းကိုလည်း မဟုတ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။ ဖြောင့်မတ်တဲ့ တရားသူကြီး တယောက်ဟာ နိုင်ငံရေးရဲ့ လွှမ်းမိုးမှုကို မခံဘဲ အကြောက်အရွံ့မရှိ ဥပဒေအတိုင်း အဆုံးအဖြတ် ပေးမှာ ဖြစ်တယ်လို့လည်း အထက်လွှတ်တော် အမတ်တွေကို Mr. Gorsuch ကဖြေကြားခဲ့ပါတယ်။

ဥပဒေစီရင်မှုဟာ ဖွဲ့စည်းပုံဥပဒေနဲ့အညီ လိုက်နာခြင်းရှိ မရှိကို နိုင်ငံတော် တရားရုံးချုပ် ကနေ နောက်ဆုံး အဆုံးအဖြတ် ပေးရတာ ဖြစ်ပါတယ်။နိုင်ငံတော် တရားရုံးချုပ် မှာ လောလောဆယ် လစ်ဘရယ် တရားသူကြီး ၄ ယောက် ကွန်ဆာဗေးတစ် တရားသူကြီး ၄ ယောက်ရှိနေချိန်မှာ ကွန်ဆာဗေးတစ် တရားသူကြီး တယောက် တိုးသွားခဲ့ရင် တရားရုံး အဆုံးအဖြတ်တွေ အပေါ် လွှမ်းမိုးသွားမှာကို ဒီမိုကရက် လွှတ်တော်အမတ်တွေက စိုးရိမ်နေကြတာပါ။ ဒါကြောင့် Mr. Gorsuch ကိုရာထူး ခန့်သင့် မသင့်ကြားနာပွဲမှာ ဒီမိုကရက် အမတ်တွေက အမေရိကန်မှာ အတိမ်းအစောင်း မခံနိုင်တဲ့ ပဋိသန္ဓေ ဖျက်ချတဲ့ကိစ္စ၊ လက်နက်က ိုင်ဆောင်ခွင့်ကိစ္စ စတာတွေနဲ့ ပါတ်သက်လို့ သူ့ရဲ့ အမြင်ကို မေးမြန်းခဲ့ကြပါတယ်။

Mr. Gorsuch ကတော့ အမေရိကန်မှာ Republican တရားသူကြီး၊ Democrat တရားသူကြီး ဆိုတာမရှိဘဲ တရားသူကြီးတွေပဲ ရှိတယ်လို့ တုံ့ပြန် ဖြေကြားခဲ့ပါတယ်။ သူ့အနေနဲ့ တရားစီရင်ရေးစနစ်ကို သိပ်ကို အလေးအနက်ထားပြီး ဘယ်သူ့ကိုမဆို တရားဥပဒေအတိုင်း ဆောင်ရွက်သွားဖို့ ဝန်လေးမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

“တရားရေး လုပ်ငန်းစဉ်တွေအပေါ် ကျွန်တော် သိပ်ကိုအလေးအနက် ထားပါတယ်။ လုပ်ငန်းစဉ်တွေကို တဆင့်ပြီးတဆင့် ဆောင်ရွက်တဲ့ နေရာမှာလည်း အတတ်နိုင်ဆုံး အမြင်ကျယ်ကျယ် ထားပါတယ်။ တခြားကိစ္စတွေ အားလုံးကို အိမ်မှာထား ဘေးဖယ် ထားပြီး တရားဥပဒေ အပေါ်မှာသာ အခြေခံ ဆုံးဖြတ်ချက် ချပါတယ်။ ကျွန်တော့် အတွက်ကတော့ ဒါဟာ လွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်ပါတယ်။”

အသက် ၄၉ နှစ်အရွယ် Neil Gorsuch ဟာ နိုင်ငံတော် တရာရုံးချုပ်အတွက် ရာသက်ပန် တရားသူကြီး ဖြစ်ထိုက်သူ၊အရည်အချင်း ပြည့်မှီသူ ဖြစ်တယ်လို့ ရီပတ်ဘလီကန် အမတ်တွေက ပြောကြပါတယ်။ အထက်လွှတ်တော် တရားရေးကော်မတီထဲက ဒီမိုကရက် အမတ်တွေကတော့ Mr. Gorsuch ကို ခန့်သင့် မသင့် ဆုံးဖြတ်ချက်ဟာ အမေရိကန် ပြည်သူတွေအပေါ် သက်ရောက်မှာ ဖြစ်တဲ့အတွက် သူဟာ အမေရိကန်ရဲ့ ဥပဒေရေးရာနဲ့ ဖွဲ့စည်းပုံဥပဒေကို အကာအကွယ် ပေးမယ့်သူ ဖြစ်ရဲ့လားဆိုတာကို သုံးသပ်ဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ ပြောကြပါတယ်။

Mr. Gorsuch ကတော့ တရားသူကြီးဝတ်ရုံကို ခြုံလိုက်ပြီဆိုတာနဲ့ သူဟာ ဖွဲ့စည်းပုံ ဥပဒေအတိုင်း လိုက်နာဖို့ တာဝန်ရှိတယ် ဆိုတာကို သတိရတယ်လို့ ဆိုခဲ့ပါတယ်။ အထက်လွှတ်တော် တရားရေးကော်မတီဝင် လွှတ်တော်အမတ်တွေ အားလုံးက သူ့ကို မေးမြန်းပြီးသွားရင် အထက်လွှတ်တော် တရပ်လုံးမှာ အတည်ပြုသင့် မသင့်ကို မဲခွဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ တကယ်လို့ အထက်လွှတ်တော်က သူ့ကို အတည်ပြုလိုက်ပြီ ဆိုရင်တော့ Neil Gorsuch ဟာ နိုင်ငံတော် တရားရုံးချုပ်အတွက် ရာသက်ပန် တရားသူကြီး ဖြစ်လာမှာဖြစ်ပါတယ်။

စုစုပေါင်း တရားသူကြီး ၉ ယောက်ရှိရမယ့် တရားရုံးချုပ်မှာ Conservative တရားသူကြီး Antonin Scalia ကွယ်လွန်သွားခဲ့တဲ့ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ထဲက တရားသူကြီးသစ်ကို အစားထိုး မခန့်အပ်နိုင်သေးတာ ဖြစ်ပါတယ်။

Gorsuch
please wait

No media source currently available

0:00 0:03:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG