သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS တပ်သားသစ် စုဆောင်းတဲ့အဖွဲ့ ပါကစ္စတန် ဖမ်းဆီး


IS အဖွဲ့ နဲ့ ဆက်နွယ်သည်ဟု စွပ်စွဲခံထားရသူများ (ဒီဇင်ဘာ ၂၀၁၅)
IS အဖွဲ့ နဲ့ ဆက်နွယ်သည်ဟု စွပ်စွဲခံထားရသူများ (ဒီဇင်ဘာ ၂၀၁၅)

ဆီးရီးယားအခြေစိုက် IS အကြမ်းဖက်အဖွဲ့အတွက် ပါကစ္စတန်နိုင်ငံတွင်းမှာ လူသစ်စုဆောင်းရေး လုပ်ဆောင်နေတဲ့ စစ်သွေးကြွ ၈ ယောက်ပါ အဖွဲ့တခုကို ဖမ်းဆီးမိခဲ့ကြောင်း ပါကစ္စတန်အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့လည်းဖြစ်၊ လူဦးရေများတဲ့ ပန်ဂျပ်ပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်တဲ့ Lahore မှာ ညဘက်စစ်ဆင်ရေးအတွင်း အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးတပ်ဖွဲ့တွေက စစ်သွေးကြွတွေကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ကြာသပတေးနေ့က တရားဝင် ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာဖြစ်ပါတယ်။

လက်ကိုင်ဖုန်းတွေ၊ Laptop ကွန်ပြူတာတွေနဲ့ IS အဖွဲ့အတွက် ဝါဒဖြန့်ချိရေးပစ္စည်းတွေကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုခဲ့တာပါ။

ဖမ်းဆီးခံရတဲ့ စစ်သွေးကြွတွေဟာ ဆီးရီးယားနိုင်ငံအပြင် ပါကစ္စတန်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း အာဖဂန်နစ္စတန်နဲ့ အီရန်နိုင်ငံတွေဆီ တရားမဝင် ပို့ဆောင်ပေးဖို့ လူငယ်အမျိုသားတွေကို စုဆောင်းနေခဲ့တာဖြစ်ပါတယ်။ သူတို့အနေနဲ့ တိုက်ခိုက်ရေးသမား အမြောက်အများကို စေလွှတ်ခဲ့ပြီးဖြစ်သလို နောက်ထပ်တသုတ်ကိုလည်း ပို့ဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုတဲ့အကြောင်း စစ်ဆေးမေးမြန်းသူတွေကို ဝန်ခံခဲ့တယ်လို့လည်း အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးဌာနက ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း မြို့တော်တော်များများမှာ လှုပ်ရှားနေတဲ့ IS စစ်သွေးကြွ ရာနဲ့ချီကို ဖမ်းဆီးမိခဲ့ပေမယ့် ပါကစ္စတန်နိုင်ငံတွင်းမှာတော့ IS အဖွဲ့အနေနဲ့ စုစည်းပြီး အခြေစိုက်ထားတာမျိုး မရှိဘူးလို့လည်း ပါကစ္စတန်အစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG