သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှု လွတ်လပ်တဲ့စုံစမ်းရေးလုပ်ဖို့ ရှေ့နေကွန်ယက်တိုက်တွန်း


دہلی کی ایک کار پارکنگ کا منظر، جہاں کھڑی تمام گاڑیوں کو مشتعل افراد نے نذر آتش کر دیا تھا۔
دہلی کی ایک کار پارکنگ کا منظر، جہاں کھڑی تمام گاڑیوں کو مشتعل افراد نے نذر آتش کر دیا تھا۔

ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ သံသယရှိသူ ဦးအောင်ဝင်းခိုင် ထွက်ပြေး တိမ်းရှောင်နေဆဲအပေါ် သူ့ကို ဖမ်းမိနိုင်ရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ Interpol နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးက သတင်း ထုတ်ပြန်လိုက်တဲ့အပေါ် ကြိုဆိုပေမဲ့လို့ ပညာရှင်တွေပါဝင်တဲ့ လွတ်လပ်မျှတတဲ့ သီးခြားလေ့လာ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ NLD အစိုးရကို အကြံပေးသွားဖို့ ဆောင်ရွက်နေကြတယ်လို့ ရှေ့နေများကွန်ယက်က ပြောဆိုလိုက်ပါတယ်။ နှစ်လကျော်ကြာမြင့်လာပြီး လူသတ်တရားခံနဲ့တကွ ကြံရာပါတွေလို့ သံသယရှိသူတွေကို ရုံးထုတ်စစ်ဆေးနေပေမဲ့လို့ အမှုအပေါ် ကိုင်တွယ်ဖြေရှင်းမှုတွေအပေါ် အားရကျေနပ်မှုတော့ မရှိကြသေးပါဘူး။ အသေးစိတ် မဆုမွန် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ပြန်ကြားရေးဝန်ကြီးပါ လိုက်ပါလာတဲ့ နိုင်ငံတော်အစီအစဉ်နဲ့ ပြည်ပခရီးကနေပြန်လာတဲ့ NLD ပါတီ ဥပဒေအကြံပေးရှေ့နေကြီး ဦးကိုနီကို နိုင်ငံတကာရန်ကုန်လေဆိပ်မှာ ဦးကြည်လင်းက ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်ပြီး သတ်ခဲ့တဲ့ လူသတ်မှုမှာ ဖမ်းဆီးထားတဲ့ လူသတ်တရားခံလို့ ယူဆရသူနဲ့ ကြံရာပါလို့ ယူဆရသူတွေကို စတင်တရားရုံးတင် စစ်ဆေးနေပြီလည်းဖြစ်ပါတယ်။ ကြံရာပါလို့ သံသယရှိသူ ဦးအောင်ဝင်းခိုင်(ခေါ်) ဦးအောင်သန်းကတော့ တရားခံပြေးအဖြစ် ထွက်ပြေး တိမ်းရှောင်နေတဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကနေ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL) နဲ့ ချိတ်ဆက် ဆောင်ရွက်နေပြီး ဧပြီလ ၇ ရက်နေ့မှာတော့ INTERPOl ကနေပြီး သူ့ကို အနီရောင် ကြေညာချက် တရားဝင်ထုတ်ပြန်ထားတယ်ဆိုတာကို ဧပြီလ ၈ရက်နေ့ရက်စွဲနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘက်က အစိုးရပြန်ကြားရေး ကနေတဆင့် သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံရှေ့နေများကွန်ရက်ရဲ့ ဦးဆောင်ဖွဲ့စည်းခဲ့သူ တဦးလည်းဖြစ်တဲ့ ဦးကိုနီလူသတ်မှုအပေါ် ဒီလို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က INTERPOL နဲ့ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နေတဲ့အပေါ် ကြိုဆိုလိုက်ပေမဲ့လို့ ဦးကိုနီလူသတ်မှုနဲ့ပတ်သက်လို့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ၊ ဥပဒေပညာရှင်တွေပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်းတရပ်ဖွဲ့စည်းနိုင်ရေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရကို အကြံပေးသွားဖို့ မြန်မာရှေ့နေများ ကွန်ယက်အနေနဲ့ဆောင်ရွက်နေကြတဲ့အကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ရှေ့နေကြီးဦးသိန်းသန်းဦးက ပြောဆိုလိုက်ပါတယ်။

“ကျနေ်ာတို့ ဒီဟာကတော့ ကြိုဆိုရမှာပေါ့နော် ကောင်းတဲ့ လက္ခနာပေါ့နော် ဒါပေမယ့် ကျနေ်ာကတော့ လုံလောက်တယ်မထင်ဘူးခင်ဗျ ။ ဒါအပြင့် ကျနေ်ာတို့ဘက်ကလည်း ကြိုးစားနေတယ် မြန်မာရှေ့နေများ ကွန်ယက်နဲ့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း ဒီဟာတွေကနေပြီးတော့ ဒီအမှုတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ သီးခြားလေ့လာစုံစမ်းရေးအဖွဲ့ အထိ စုံစမ်းမှ ရမယ်လို့ ကျနော်က ယူဆတယ် အနီးကပ်စောင့်ကြည့်ပြီးတော့။ ဒီအတိုင်းလည်း ဖြစ်မှာမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ သူတို့ စုံစမ်းစစ်ဆေးဖို့ လူ ၇၀ လွှတ်ထားတယ်ဆိုပေမယ့် အဲဒီထဲက ဒီ ၄ ယောက်ပဲပါလာတာကို ဒါမျိုးအချက်တွေပေါ့နော်။ ကျနေ်ာတို့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းက ပုံမှန် CEC အစည်းအဝေးရှိတာပေါ့နော် အဲဒီအစည်းအဝေးကနေ ကျနေ်ာတို့ ဆုံးဖြတ်ပြီးတော့ ကျနေ်ာတို့ ဦးကိုနီမိသားစုကို မေတ္တာရပ်ခံပြီးတော့ ရှေ့နေ CEC ၃၀ က ဦးကိုနီဘက်က ဥပဒေအရလိုက်ပါဆောင်ရွက်ဖို့အတွက် ကျနေ်ာတို့ ပါဝါတင်တယ်။ နောက်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရေးကော်မရှင်က ICJ ကို ကျနော်တို့ မေတ္တာရပ်ခံပြီးပြီ၊ အဲဒီကတဆင့် ဂျာနီဗာ လူ့အခွင့်အရေးမဟာမင်းကြီးဆီ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ စာရေးမယ်၊ ဒါ သာမန်လူသတ်မှုမဟုတ်ဘူး Political assassination ဖြစ်တယ်။ ကျနော်တို့ဘက်ကတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တင်ပြဖို့လည်း ကျနော်တို့ ရှိတယ်ခင်ဗျ။”

လေဆိပ်လို လူမြင်ကွင်းမှာ သေနတ်နဲ့ပစ်အသတ်ခံရတဲ့ ဦးကိုနီလူသတ်မှုဟာ ရိုးရိုးသာမာန်လူသတ်မှုတခုအဖြစ် စုံစမ်းဖော်ထုတ် အရေးယူတာထက်စာရင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံရှေ့နေများကွန်ရက်အပါအဝင် ရှေ့နေတွေ ဥပဒေပညာရှင်တွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေပါဝင်တဲ့ သီးခြားလေ့လာစုံစမ်းရေးအဖွဲ့ဖွဲ့ပြီး ရရှိလာတဲ့ သတင်းအချက်အလက်တွေ ဖလှယ်နိုင်ရေး ဆောင်ရွက်နေပြီဖြစ်တယ်လို့လည်း ရှေ့နေကြီးဦးသိန်းသန်းဦးကပြောပါတယ်။

အခုလက်ရှိအချိန်အထိ ဦးကိုနီလူသတ်မှုနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းမှုတွေ သတင်းထုတ်ပြန်ချက်တွေ၊ ဖမ်းဆီးအရေးယူ စုံစမ်းစစ်ဆေးဖော်ထုတ်မှုတွေနဲ့ပတ်သက်လို့ အားရကျေနပ်စရာသိပ်မရှိဘူး လို့လည်း ဦးသိန်းသန်းဦးက ပြောပါတယ်။

“သို့ရာတွင် ကျနော်တို့က အဲဒီသတင်းစာရှင်းလင်းပွဲရဲ့ပုံစံကိုလည်း မကြိုက်ဘူး။ နောက်တခါ သူတို့ သုံးစွဲသွားတဲ့ငွေ ၊ ပါဝင်ပတ်သက်နေတဲ့ တရားခံတွေရဲ့အနေအထား ကိုကြည့်ရင် တပ်မတော်ပြန်တမ်းဝန်အရာရှိကြီး တွေအဖြစ်တာဝန်ထမ်းဆောင်တဲ့လူတွေဖြစ်တော့ သူတို့နဲ့အတူတူ ဘယ်သူတွေပါနိုင်သလဲ ၊ ဘယ်အဖွဲ့အစည်းပါနိုင်သလဲ သုံးတဲ့ငွေကြေးတွေက ထောင်ဂဏန်းဖြစ်တော့ ဒါက Organized Crime စနစ်တကျ အုပ်စုဖွဲ့ကျူးလွန်တဲ့ လူသတ်မှုကြီးဖြစ်နေတာ ဆိုတော့ သာမန်လူသတ်မှုတခုလို ကိုင်တွယ်သလိုလောက်နဲ့တော့ မရနိုင်သေးဘူးလို့ ကျနော်ထင်တယ်။နောက်မှာ အခြားအဖွဲ့အစည်းကြီးတွေ ပါဝင်နိုင်သေးတယ် အဲဒါကြောင့်မို့လို့ တကယ်ကတော့ နိုင်ငံတော်အစိုးရ ကနေပြီးတော့ ကော်မရှင်ဖွဲ့ပြီးတော့ စုံစမ်းသင့်တဲ့ ကိစ္စဖြစ်တယ်။ သူတို့ဘက်က ဘာမှ မလုပ်သည့်အတွက် ကျနေ်ာတို့ကတော့ ရှေ့နေတွေနဲ့ နိုင်ငံတကာ ဥပဒေပညာရှင်တွေ ကျန်တဲ့လွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ပေါင်းပြီးတော့ ကျနေ်ာတို့ဘက်ကတော့ ဒီကိစ္စကို စောင့်ကြည့် ဖို့ ကျနော်တို့ရတဲ့အချက်အလက်တွေရဖို့အတွက် ပြင်ဆင်နေတယ်ဆိုတာ ပြောခင်ပါတယ်။”

အခုလက်ရှိ လူသတ်တရားခံနဲ့ ကြံရာပါလို့ သံသယရှိသူတွေကို တရားရုံးတင် စစ်ဆေးဆောင်ရွက်နေတဲ့အပေါ် ရှေ့နေကြီး ဦးသိန်းသန်းဦးဘက်က အခုလို ရှု့မြင်ပါတယ်။

“တရားစွဲထားတဲ့ ပုံစံကိုတော့ ကျနော်ကတော့ မကျေနပ်ပါဘူး။ စွဲထားတဲ့ ပုဒ်မက မလုံလောက်ဘူးလို့ ကျနေ်ာယူဆတယ်။ မလုံလောက်ဘူး ဒါအကြမ်းဖက်မှု ဥပဒေနဲ့ပါအရေးယူဆောင်ရွက်ရမှာဖြစ်တယ်လို့ ကျနေ်ာယူဆတယ်။ ဒါက Organized Crime ပါ အုပ်စုပ်ဖွဲ့ကျူးလွန်တဲ့ လူသတ်မှုဖြစ်တယ်။ ခုနက ကျနော်ထပ်ခါတလဲလဲပြောတဲ့ သုံးတဲ့ငွေကြေးက ထောင်ဂဏန်းဖြစ်တယ်။ နောက်သူတို့ပိုင်ဆိုင်မှု ကုမ္ပဏီကြီးတွေပါနေတယ်။ ဒီကုမ္ပဏီကြီးတွေ ဘယ်ကရတာတုန်း ဘယ်က ပိုက်ဆံလဲ ၊ တပ်မတော်မှ ဘယ်လောက်အထိ အမှုထမ်းခဲ့သလဲ၊ ဒီငွေတွေက ငွေဖြူတွေလား ဒီငွေတွေကို သူတို့ကိုဘယ်သူပေးထားတာလဲ ဆိုတဲ့အချက်မျိုးတွေကအစ ကျနော်တို့ ရေဆုံးရေဖျား လိုက်ရမယ်လို့ ကျနော်ယူဆတယ်ခင်ဗျာ။”

ဦးကိုနီကို သေနတ်နဲ့လုပ်ကြံပစ်ခတ်သူ ဦးကြည်လင်းကို မင်္ဂလာဒုံ မြို့မ ရဲစခန်း(ပ)၁၅၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူပြီး လူသတ်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှုစတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးရုံးတင်စစ်ဆေးနေတာဖြစ်ပါတယ်။ ဦးကိုနီလူသတ်မှုမှာ ပူးပေါင်းပါဝင်ကြံစည်သူတွေလို့ သံသယရှိသူ တပ်မတော်အရာရှိဟောင်းတွေဖြစ်ကြတဲ့ ဦးအောင်ဝင်းဇော်၊ ဦးအောင်ဇော်ထွန်းနဲ့ ထောက်လှမ်းရေးအရာရှိဟောင်းဦးဇေယျာဖြိုးတို့ကို ရုံးတင်စစ်ဆေးနေတာဖြစ်ပါတယ်။ မထွက်ပြေးတိမ်းရှောင်နေတဲကြံရာပါလို့သံသယရှိသူ ဦးအောင်ဝင်းခိုင်ကိုလည်း အခုလို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ INTERPOL ရဲ့အကူအညီကိုပါ ရယူပြီး ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေဘက်ကတော့ သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လို့ အခုဖမ်းဆီးထားသူလေးဦးအပြင် နောက်ထပ်သံသယရှိထားသူ ဦးအောင်ဝင်းခိုင်ကို သူနေထိုင်ရာ သာကေတမြို့နယ်မှာ ဖမ်းဆီး ခွင့်ဝရမ်းအပြင် တနိုင်ငံလုံး ဘယ်နေရာမှာ မဆို ဖမ်းဆီးခွင့်ပြုတဲ့ ဝရမ်းထုတ်ပေးဖို့ တရားလိုရှေ့နေ ဦးနေလက လျှောက်ထားတာကို မလိုအပ်ဘူးဆိုပြီး ခရိုင်အထူးတရားရုံးကတော့ ပယ်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG