သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်စဖို့ သဘောတူ


ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့က ဒဏ်ရာရသူတွေကိုကယ်ထုတ်၊ ၁၅ ဒီဇင်ဘာ။ ၂၀၁၆။
ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့က ဒဏ်ရာရသူတွေကိုကယ်ထုတ်၊ ၁၅ ဒီဇင်ဘာ။ ၂၀၁၆။

ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့အရှေ့ပိုင်းက အရပ်သားတွေကို ဘေးလွှတ်ရာ ကယ်ထုတ်ပေးနေတဲ့လုပ်ငန်းတွေပြန်စဖို့ ဒီကနေ့ စနေနေ့မှာ သဘောတူလိုက်ပါပြီ။ သူပုန်တွေထိန်းချုပ်ထားတဲ့ Foua နဲ့ Kfarya ရွာ ၂ ရွာက အရပ်သားတွေလွှတ်ပေးဖို့ဆိုတဲ့ တောင်းဆိုချက်ကြောင့် ဘေးလွှတ်ရာ ရွှေ့ပြောင်းပေးတဲ့လုပ်ငန်းတွေ သောကြာနေ့က ရပ်နားသွားတာပါ။ ဒီကနေ့သဘောတုူညီချက်ထဲမှာ အဲ့ဒီရွာက အရပ်သားတွေကို ဘေးလွှတ်ရာ ထွက်ခွါခွင့်ပေးဖို့ အချက်လည်းပါဝင်ပါတယ်။ ခုထိတော့ ဒီလုပ်ငန်းတွေ မစရသေးပါဘူး။

အလက်ပို မြို့အရှေ့ပိုင်းမှာ ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေ ပြန်ကြားလာရပြီးတဲ့နောက်မှာ ဆီးရီးယား အစိုးရက အဲဒီမှာ ရှိနေတဲ့ အရပ်သားတွေ ဘေးလွတ်ရာ ရွေ့ပြောင်းပေးရေးကိစ္စကိုသောကြာနေ့က ဆိုင်းငံ့ထားလိုက်တာပါ။ သူပုန်တွေ ဘက်ကရော အစိုးရတပ်တွေ ဘက်ကပါ ခိုင်မာမှု မရှိသေးတဲ့ အပစ်အခတ် ရပ်စဲရေးကို ချိုးဖေါက် ကြောင်းတဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲကြပါတယ်။

ဘေးလွတ်ရာ ရွေ့ပြောင်းပေးမယ့် ကားတွေ သွားရာလမ်းကြောင်း အဖြစ်သုံးနေတဲ့ အမြန်လမ်းမကြီး တလျှောက် စစ်တပ်က အတားအဆီးတုံးတွေ ချနေချိန်မှာပဲ သူပုန်တွေ ထိမ်းချုပ်ထားတဲ့အလက်ပိုမြို့ဘက်ကနေ လူတွေ သယ်ဆောင်လာတဲ့ ဘတ်စ်ကားတွေနဲ့ ထရပ်ကားတွေကို ပြန်လှည့်ဖို့ ဆီးရီးယား အစိုးရကအမိန့်ပေးခဲ့ပါတယ်။ ဒါဟာ ယာယီရပ်ဆိုင်းတာ ဖြစ်ပါတယ်လို့ အလက်ပို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ကူညီနေတဲ့ တူရကီက ပြောပါတယ်။ သူပုန်တွေဟာ သူတို့ ပေးထားတဲ့ ကတိကို ချိုးဖေါက်တဲ့ အနေနဲ့ လက်နက်ကြီးတွေနဲ့ ဓါးစာခံတွေကို အလက်ပို မြို့ထဲကနေ ခိုးထုတ်နေတယ်လို့ ဆီးရီးယား အစိုးရက ပြောပါတယ်။ ဒါပေမယ့်လည်း ဆီးရီးယား အစိုးရက အခုလို ရပ်ဆိုင်းလိုက်တာဟာ သူပုန်တွေထိမ်းချုပ်ထားတဲ့ Shi'ite ရွာ ၂ ရွာက အရပ်သားတွေကို လွတ်ပေးအောင် သူတို့ကို ဖိအားပေးဖို့ လုပ်နေတာလို့ သူပုန်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG