သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယား ယာယီအပစ်ရပ်မှုစတင်


ဖေဖော်ဝါရီလ ၂၆ရက်က ဆီးရီးယားနိုင်ငံ၊ Hasaka ပြည်နယ်၊ al-Shadadi မြို့ အပြင်ဘက် တွင် တွေ့ရသော ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့မှ တိုက်ခိုက်ရေးသမားများ။ (REUTERS/Rodi Said)
ဖေဖော်ဝါရီလ ၂၆ရက်က ဆီးရီးယားနိုင်ငံ၊ Hasaka ပြည်နယ်၊ al-Shadadi မြို့ အပြင်ဘက် တွင် တွေ့ရသော ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့မှ တိုက်ခိုက်ရေးသမားများ။ (REUTERS/Rodi Said)

ဆီရီးယားနိုင်ငံမှာ အပစ်အခပ်ရပ်စဲရေး ဒီနေ့စခဲ့ရာမှာ အများစု နေရာတွေမှာ တိုက်ပွဲတွေ မဖြစ်အောင် ထိန်းထားနိုင်နေပါတယ်။ ဒါပေမဲ့ အကြမ်းဖက်တိုက်ခိုက်မှု တချို.တော့ ဖြစ်ခဲ့ပါတယ်။

နိုင်ငံပိုင် သတင်းမီဒီယာက Hama ပြည်နယ် အဓိကမြို. Salamiyeh က ဆင်ခြေဖုန်းမှာ ကားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး၊ စစ်သား ၂ ဦးသေခဲ့ရတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

ဒီမြို့အဝင်နားမှာ ဖြစ်ခဲ့တဲ့ ဒီဗုံးခွဲမှုအတွက် ဘယ်သူကမှတော့ သူတို့လက်ချက် ဖြစ်တယ်လို့ ထုတ်ပြောလာတာ မရှိသေးပါဘူး။

ဆီရီးယား အစိုးရတပ်တွေနဲ့ သူပုန်အဖွဲ့တွေအကြား အခြား ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကတော့ တူရကီနယ်စပ်နားက Latakia ပြည်နယ်မှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်နဲ့ ရုရှားတို့ ပူးပေါင်းကြားဝင်စေ့စပ်ပေးခဲ့တဲ့ ဒီဆီရီယား အပစ်ရပ်ရေးဟာ ဆီရီးယား စံတော်ချိန် ည သန်းခေါင်မှာ စအသက်ဝင်ခဲ့တာပါ။

ဆီရီးယား အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ဖြစ်တဲ့ အဆင့်မြင့် ညှိုနှိုင်းရေး ကော်မတီ က အခု အပစ်အခတ် ရပ်စဲရေးမှာ အဖွဲ့ပေါင်း ၉၇ ဖွဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ကတိပြု ထားတယ်လို့ ကြေညာချက်ထုတ်ထားပါတယ်။

ဒါပေမဲ့ ဒီအပစ်ရပ်ရေး သဘောတူချက်ထဲမှာ IS အစ္စလာမ်စစ်သွေးကြွ အကြမ်းဖက်အဖွဲ့ နဲ့ Al-Qaida နဲ့ အဆက်အသွယ်ရှိတဲ့ al-Nuasra အကြမ်းဖက် အဖွဲ့တွေ မပါပါဘူး။

အခု ယာယီ အပစ်ရပ်ရေး သဘောတူချက် အသက်မဝင်ခင် တစ်နာရီအလိုမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဒီသဘောတူချက်ကို တညီတညွတ်တည်း ထောက်ခံခဲ့ပါတယ်။

XS
SM
MD
LG