သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ခြိမ်းခြောက်ရန် ကြီးမားလာလို့ ထိုင်ဝမ်ပြော


တရုတ်နိုင်ငံရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေအတွင်း - ပထမဆုံး လေယာဉ်တင်သင်္ဘောက ဦးဆောင်တဲ့ စစ်သင်္ဘောအုပ်စုဟာ တောင်တရုတ် ပင်လယ်တွင်းက ထိုင်ဝမ်ကျွန်းတောင်ဘက်ကနေ ဖြတ်သန်းမောင်းနှင်ခဲ့ကြပြီးနောက် - တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ ကြီးထွားလာနေကြောင်းကို အင်္ဂါနေ့မှာပဲ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ Donald Trump က - ထိုင်ဝမ်သမ္မတ Tsai Ing-wen ဆီက ထူးထူးခြားခြား ဖုန်းခေါ်မှုကို လက်ခံခဲ့တာကြောင့် တရုတ်နိုင်ငံကနေ သံတမန်နည်းလမ်းအရ ကန့်ကွက်တဲ့အထိ ကြုံခဲ့ရာက - သီတင်း ၃ ပတ်ကျော်အကြာ - တနင်္လာနေ့မှာပဲ - တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Trump ရဲ့ ဆောင်ရွက်ချက်တွေကြောင့် - ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အဆုံးသတ်ချိန်ကစလို့ သီးခြားအုပ်ချုပ်မှုတွေ ရှိခဲ့ပေမဲ့လည်း - တရုတ်က သူတို့ပိုင်နယ်မြေအဖြစ် ပြောဆိုနေတဲ့ ထိုင်ဝမ်ကျွန်းအပေါ် ဖိအားတွေ တိုးလာနေတယ်လို့ ထိုင်ဝမ်မှာရှိတဲ့ နိုင်ငံရေးလေ့လာသူတွေက ယုံကြည်နေကြပါတယ်။

ရန်သူရဲ့ ခြိမ်းခြောက်မှုက တနေ့ထက်တနေ့ ကြီးထွားလာနေတယ်ဆိုတာ - အားလုံးကို သတိပေး ပြောကြားလိုကြောင်းနဲ့ ရှေ့တန်းမှာ အသက်မသေ ရှင်သန်နိုင်ဖို့လေးတင် မဟုတ်ဘဲ ရန်သူကို ချေမှုန်းပြီးတော့ တာဝန်ပြီးဆုံးအောင်မြင်အောင် လုပ်နိုင်ဖို့အတွက်ကိုလည်း စစ်သားတွေကို တိုးချဲ့သင်တန်းပေးဖို့ လိုအပ်တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး Feng Shih-kuan က အင်္ဂါနေ့ စစ်ဘက်ဆိုင်ရာ အခမ်းအနားတခုမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တနင်္လာနေ့တုန်းက တရုတ်ရေတပ်သင်္ဘောတွေဟာ ထိုင်ဝမ်ကမ်းရိုးတန်းရဲ့ ၁၆၇ ကီလိုမီတာအကွာလောက်မှာ ခုတ်မောင်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG