သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်သမ္မတ အမေရိကားခရီးစဉ်


အမေရိကတိုက် အလယ်ပိုင်းနိုင်ငံများ ခရီးစဉ်ထွက်ခွာဖို့ ထိုင်ဝမ်နိုင်ငံ Taoyuan လေဆိပ်သို့ သမ္မတ Tsai Ing-wen ရောက်ရှိလာစဉ်
အမေရိကတိုက် အလယ်ပိုင်းနိုင်ငံများ ခရီးစဉ်ထွက်ခွာဖို့ ထိုင်ဝမ်နိုင်ငံ Taoyuan လေဆိပ်သို့ သမ္မတ Tsai Ing-wen ရောက်ရှိလာစဉ်

အမေရိကတိုက် အလယ်ပိုင်းနိုင်ငံတွေကို အလည်အပတ် ခရီးစဉ်လာရောက်တဲ့ ထိုင်ဝမ်သမ္မတ Tsai Ing-wen ဟာ စနေနေနေ့မှာ အမေရိကန် ပြည်ထောင်စုတောင်ပိုင်း Texas ပြည်နယ်က Houston မြို့ကို ရောက်ရှိလာပါပြီ။

သမ္မတ Tsai Ing-wen နဲ့ အရွေးကောက်ခံ သမ္မတ Donald Trump တို့ ပြီးခဲ့တဲ့ လတုန်းကပဲ တယ်လီဖုံးဆက်သွယ်ပြောကြားမှုတွေ လုပ်ခဲ့ပေမယ့် အခုခရီးစဉ်မှာ သူမဟာ Trump နဲ့ရော သူ့ရဲ့တခြားအရာရှိတွေနဲ့ပါ တွေ့ဆုံဖို့ မရှိဘူးလို့ Trump ရဲ့အစိုးရအဖွဲ့ တာဝန်လွှဲယူရေး ဆိုင်ရာ အဖွဲ့က ပြောပါတယ်။

သမ္မတ Tsai ဟာ သူ့ရဲ့ အမေရိကတိုက် အလယ်ပိုင်းနိုင်ငံများကို လာရောက်တဲ့ ခရီးစဉ်အတွင်း တရက်ကြာ Houston မှာ ရှိနေစဉ်မှာ ရော တိုင်ဝမ်ကို မပြန်ခင် တရက်လောက် San Francisco မှာ ရှိနေစဉ်မှာပါ ဘယ်သူနဲ့ တွေ့ဆုံမယ် ဆိုတာကို မပြောခဲ့ပါဘူး။

တိုင်ပေက အမေရိကန် သံရုံးအဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ် American Institute ကတော့ ထိုင်ဝမ်သမ္မတ Tsai Ing-wen သွားရောက် မယ့် လက်တင် အမေရိက ဒေသ ခရီးစဉ်ဟာ သူ့ရဲ့ စီးပွါးရေးကိစ္စ သက်သက်ပဲလို့ ပြောပါတယ်။

ဒီခရီးစဉ်ဟာ ထိုင်ဝမ်ရဲ့ တည်ငြိမ်စွာ ရပ်တည်ရေးအတွက် စမ်းသပ်မှုတခုလို့ ထိုင်ဝမ်က မြင်ပေမယ့် အမေရိကတိုက် နိုင်ငံတွေနဲ့ ဆက်ဆံရေး မှာ ထိလွယ်ရှလွယ်ဖြစ်နေပြီး အထူးသဖြင့် အမေရိကန် ပြည်ထောင်စုကို ဝင်ရောက်မှာနဲ့ ပါတ်သက်ပြီး ကန့်ကွက်ထားတဲ့ တရုတ်အစိုးရရဲ့ အာရုံစိုက်မှုကို ခံလာရတာပါ။ တကယ်လို့ Tsai Ing-wen ဘက်က အမေရိကန် သမ္မတသစ် ဖြစ်လာမယ့် Trump နဲ့ ဆက်ဆံရေး ပိုနီးစပ် လာမှုကို ပြသ လာရင် တရုတ်ဘက်က တုန့်ပြန်မှုတွေ လုပ်လာမယ်လို့ ခန့်မှန်းရပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်မှု ရှိတဲ့ ထိုင်ဝမ်ကို တရုတ်က ပြည်မကြီးရဲ့ တစိတ်တပိုင်းအဖြစ် သတ်မှတ်ထားတာ ဖြစ်ပြီး တခြား နိုင်ငံတွေနဲ့ ဆက်ဆံရာမှာ အစိုးရတရပ် အနေနဲ့ ခွင့်ပြု မထားပါဘူး။

သမ္မတ Tsai Ing-wen ဟာ သူ့ရဲ့ ၉ ရက်ကြာ ခရီးစဉ်အတွင်း ဟွန်ဒူးရပ်စ်၊ နိုင်ကာရာဂွါ၊ ဂွါတီမာလာ နဲ့ အယ်လ် ဆာဗေးဒိုး နိုင်ငံတွေကို လည်း သွားရောက်မှာ ဖြစ်ပါတယ်။

ထိုင်ဝမ်သမ္မတ အမေရိကားခရီးစဉ်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG