သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tata သံမဏိပစ္စည်း မြန်မာနိုင်ငံကို တင်ပို့မည်


အိန္ဒိယနိုင်ငံအခြေစိုက် Tata Steel ကုမ္ပဏီဟာ ပြည်တွင်း ဈေးကွက်မှာ သံမဏိထွက်ပစ္စည်းတွေ ရောင်းချမှု အောင်မြင်မှုတွေ ရရှိလာပြီးတဲ့နောက် ကုမ္ပဏီက ထုတ်လုပ်တဲ့ သံမဏိထွက်ပစ္စည်းတွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့လို ပြည်ပနိုင်ငံတွေကို တင်ပို့ ရောင်းချနိုင်ဖို့ စီစဉ်နေပါတယ်။

အိန္ဒိယနိုင်ငံအတွင်းက ဈေးကွက်မှာ B2C လို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းကနေ ဝယ်ယူ သုံးစွဲသူတွေလက်ထဲရောက် ထုတ်လုပ်တဲ့၊ အများစုက ကြိုက်နှစ်သက်တဲ့ ကုန်အမှတ်တံဆိပ်အဖြစ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဟာလည်း အိန္ဒိယနဲ့ အလားသဏ္ဍာန်တူတဲ့ ဈေးကွက်တွေ ရှိနေကြကြောင်း၊ အဲဒီ ဈေးကွက်အသစ်တွေမှာ နံမည်ပေါက်ပြီး ဖြန့်ဖြူးနိုင်မယ့် အခွင့်အလမ်းတွေ တွေ့မြင်နေရကြောင်း Tata Steel ကုမ္ပဏီရဲ့ အိန္ဒိယနဲ့ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ ညွန်ကြားရေးမှူး T. V. Narendran က Kolkata မြို့မှာ Bengal ကုန်သည်ကြီးများအသင်းက ကြီးမှူး ကျင်းပတဲ့ အခမ်းအနားတခုမှာ စနေနေ့က ပြောပါတယ်။

Tata Steel က ထုတ်လုပ်တဲ့ သံမဏိထွက်ပစ္စည်းတွေကို B2C လို့ အမည်ပေးထားတာဖြစ်ပြီး အဲဒီ ကုန်ပစ္စည်းတွေဟာ အရောင်းသွက်တဲ့ ကုန်ပစ္စည်းတွေနဲ့ အလားသဏ္ဍာန် တူတယ်လို့ ဆိုပါတယ်။

Tata Steel က အဆောက်အဦးတွေ ခိုင်ခန့်အောင် ကြားခံအဖြစ် အသုံးပြုတဲ့ သံမဏိချောင်းတွေ၊ တံခါးပေါက်ဘောင်တွေ၊ အိမ်အသင့် ဆောက်နိုင်တဲ့ အစိတ်အပိုင်းတွေ၊ အိမ်သာတွေ၊ ရေသန့် လက်လီရောင်းလို့ရတဲ့ စက်တွေကို နှစ်စဉ် ရူပီးငွေ ကုဋေ ၇၀၀ ဖိုး ရောင်းချနေတာ ဖြစ်ပါတယ်။ လာမယ့် နှစ်အနည်းငယ်အတွင်း အဲဒီ နှုန်းထက် ၂၀% အရောင်းမြှင့်တင်ဖို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။

လောလောဆယ်မှာတော့ Tata ကုမ္ပဏီက မြန်မာနိုင်ငံမှာ ဆီစားသက်သာတဲ့ Tata Nano ကားတွေကို ၂၀၁၃ ခုနှစ်ကစပြီး ရောင်းချနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG