သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီ-ရွှေကုက္ကို-ကို အင်တာနက်နဲ့ဖုံးဆက်သွယ်ရေး ထိုင်းနိုင်ငံဖြတ်တောက်


မြဝတီမြို့ ရွှေကုက္ကိုလ် ဇုန်(၅)မှာရှိတဲ့ YATAI Freedom Go Kart လုပ်ငန်းပိုင် Site 5 ပြိုင်ကားကွင်း မြင်ကွင်း။ (Photo: YATAI Go Kart)
မြဝတီမြို့ ရွှေကုက္ကိုလ် ဇုန်(၅)မှာရှိတဲ့ YATAI Freedom Go Kart လုပ်ငန်းပိုင် Site 5 ပြိုင်ကားကွင်း မြင်ကွင်း။ (Photo: YATAI Go Kart)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုဘက်က အွန်လိုင်းလည်ဂိုဏ်းတွေကိုပေးနေတဲ့ ထိုင်းဘက်က အင်တာနက်နဲ့ မိုဘိုင်းဖုန်း Signal ကေဘယ်လိုင်းတွေကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံက National Broadcasting and Telecommunication Commission အမျိုးသား အသံလွှင့်ဌာနနဲ့ ဆက်သွယ်ရေးကော်မရှင်က မေလ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင် ရွှေကုက္ကိုမြို့သစ်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရဲ့အဆောက်အဦးတွေကို ထိုင်းဘက်က အင်တာနက်နဲ့ ကေဘယ်လိုင်းတွေပေးနေတာ ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း အမျိုးသား အသံလွှင့်ဌာနနဲ့ ဆက်သွယ်ရေးကော်မရှင်က တာ့ခရိုင်မဲဆောက်မြို့မှာသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

National Broadcasting and Telecommunication Commission အမျိုးသား အသံလွှင့်ဌာနနဲ့ ဆက်သွယ်ရေးကော်မရှင်ရုံးက တာဝန်ရှိသူ နိုင် ဖါနုဖုန်း ချိုင်းစီထစ် (Panupong Chaisritip) က သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့အခုလိုပြောသွားပါတယ်။

သူ "ပြောသွားတာကတော့- တာ့ခ်ခရိုင် ဖွတ်ဖရမြို့နယ် မယ်လမမြို့နယ်က တဆင့် မြန်မာဘက်ကိုပေးထားတဲ့အင်တာနက် ကေဘယ်ကြိုးလိုင်းပေါင်း ၆၉ လိုင်း ရှိကြောင်းနဲ့ အခုလိုဆက်သွယ်ပေးထားတဲ့ အင်တာနက်လိုင်းက တာ၀န်ရှိသူတွေအနေနဲ့ တရားမဝင်ပေးထားတာတွေကို ၁၅ ရက်အတွင်း အားလုံး ဖြတ် တောက်ရမယ်" - လို့ အကြောင်းကြားစာပို့ထားကြောင်း ပြောသွားတာဖြစ်ပါတယ်။

အဓိကတော့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေနဲ့ ရာဇဝတ်ဂိုဏ်းလူကုန်ကူးမှုတွေ လုပ်နေတဲ့ ရွှေကုက္ကိုနဲ့ KK Park နေရာတွေကိုပေးထားတဲ့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ထိုင်းဘက်ကဖြတ်တောက်လိုက်တာပါ။

ဒီဖြတ်တောက်မှုကို ထိုင်းအစိုးရပိုင် NBTC နဲ့ စစ်ဘက်ဆိုင်ရာအရာရှိတွေ ပူးပေါင်းလုပ်ဆောင်တာဖြစ်ကြောင်းနဲ့ မြန်နှုန်းမြင့် အင်တာနက်လိုင်းတွေကို မြ၀တီဘက်ခြမ်းက အွန်လိုင်းလိမ်လည်ဂိုဏ်းတွေဆီကို ပေးနေတာဟာ တရားမဝင်ဘူးလို့လည်း သတင်းစာရှင်းလင်းပဲွမှာပြောသွားပါတယ်။ ထိုင်းအစိုးရအနေနဲ့ပြီးခဲ့တဲ့နှစ် ဇွန်လကတေည်း မြ၀တီ ရွှေကုက္ကိုဘက်ကိုပေးနေတဲ့ ကေဘယ်ကြိုးလိုင်းတွေကို ဖြတ်တောက်ပစ်လိုက်ပေမဲ့ တကယ်တမ်း ဒီလုပ်ငန်းတွေက ရပ်တန့်မသွားဘဲ မြ့န်မာဘက်က အင်တာနက်လိုင်းတွေနဲ့ ထိုင်းဘက်က ခိုးသွယ်ပေးထားတဲ့အင်တာနက်လိုင်းတွေနဲ့ဆက်လက်အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။

အဲဒီဒေသမှာ ရာဇဝတ်လုပ်ငန်းတွေလုပ်နေပြီး ကရင်နယ်ခြားစောင့်တပ်ကတော့ သူတို့ကို လုံခြုံရေးပေးထားတာပါ။ နိုင်ငံပေါင်း ၃၀ လောက်က နိုင်ငံခြားသားတွေဟာ အွန်လိုင်းလိမ်လည်ဂိုဏ်း၊ လူကုန်ကူးဂိုဏ်း၊ ရာဇဝတ်ဂိုဏ်းတွေမှာ ရောင်းစားခံနေရတာကြောင့် အခုလတ်တလော တရုတ်၊ အမေရိကန်နဲ့ ထိုင်းအပါအဝင် နိုင်ငံတကာက ဝိုင်းပြီးဖိအားပေးလာကြပါတယ်။ အခုလို ဖိအားတွေများလာတဲ့အတွက် ကရင်နယ်ခြားစောင့်တပ်က တရားမဝင် နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို မေလ ၁ ရက်နေ့ကနေ အောက်တိုဘာလကုန်အတွင်း လာလမ်းအတိုင်းထွက်ခွါပေးဖို့ သတိပေးစာလည်းထုတ်ပြန်ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG