သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ အခြေခံဥပဒေသစ် လူထုဆန္ဒခံယူူပွဲလုပ်


ထိုင်းနိုင်ငံ အခြေခံဥပဒေသစ် လူထုဆန္ဒခံယူူပွဲကျင်းပ
ထိုင်းနိုင်ငံ အခြေခံဥပဒေသစ် လူထုဆန္ဒခံယူူပွဲကျင်းပ

ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲမှာ မဲဆန္ဒရှင် သန်းနဲ့ချီပြီး မဲပေးနေကြပါတယ်။ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲမှာ ရွေးကောက်ပွဲသစ်တွေ ကျင်းပပေးနိုင်ဖို့ လမ်းပွင့်သွားတာ ဖြစ်တယ်လို့ စစ်တပ်ခေါင်းဆောင်တွေက ပြောဆိုကြပေမယ့် ဝေဖန်သူတွေကတော့ နောက်ထွက်ပေါ်လာမယ့် အစိုးရထဲမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို တရားဝင်ဖြစ်အောင် လုပ်ဆောင်မှုဆိုပြီး ဝေဖန်ကြပါတယ်။

မြို့ကြီးတွေမှာ နေထိုင်နေကြတဲ့ ထိုင်း မဲဆန္ဒရှင်တွေ ကိုယ့်ရပ်ရွာတွေကို ပြန်ပြီး မဲပေးကြပါတယ်။ နိုင်ငံတဝန်းမှာ မဲရုံပေါင်း ၉ သောင်းခွဲ ဖွင့်လှစ်ထားတာပါ။ ထိုင်းမဲဆန္ဒရှင် သန်း ၅၀ ကျော်အနေနဲ့ ဆန္ဒခံယူပွဲမှာ မေးခွန်း ၂ ကို အဖြေပေးကြရမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံမူကြမ်းကို လက်ခံ-မခံဆိုတာနဲ့ ခန့်အပ်ထားထားသူ ၂၅၀ ပါ အထက်လွှွတ်တော်နဲ့ရွေးချယ်ခံရသူ ၅၀၀ ပါအောက်လွှတ်တော်ပူးတွဲ ရွေးချယ်ရေး အဖွဲ့ကနေ ဝန်ကြီးချုပ်သစ် တဦးကို ရွေးချယ် ခန့်အပ်ခွင့်ပြုမလားဆိုတာကို မဲပေးရမှာ ဖြစ်ပါတယ်။ ပူးတွဲအဖွဲ့ကနေ ခေါင်းဆောင်သစ်ကို ရွေးချယ်မယ်ဆိုတာကတော့ နောက်ဖွဲ့စည်းလာမယ့် အစိုးရမှာ ရွေးကောက်ခံ မဟုတ်သူ တဦး ဝန်ကြီးချုပ် ဖြစ်လာဖို့ လမ်းဖွင့်ပေးလိုက်တာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောနေကြပါတယ်။

ဘန်ကောက် မဲရုံတခုမှာ မဲပေးနေသူ Yosporn Limpaphan ကတော့ သူ့အနေနဲ့ အခြေခံ ဥပဒေကို ထောက်ခံကြောင်း ပြောပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံကို ရှေ့ဆက်သွားစေချင်လို့ ဖြစ်ပါတယ်လို့ ဖြေကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG