သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် ဒုက္ခသည် ၇ သောင်း မြန်မာဘက်ပြန်ခိုင်းမည်


ထိုင်းလုံခြုံရေးတွေနဲ့ မြန်မာစစ်ပြေးဒုက္ခသည်များကို ထိုင်း-မြန်မာနယ်စပ်တွင် တွေ့ရစဉ် ။
ထိုင်းလုံခြုံရေးတွေနဲ့ မြန်မာစစ်ပြေးဒုက္ခသည်များကို ထိုင်း-မြန်မာနယ်စပ်တွင် တွေ့ရစဉ် ။

မြန်မာနိုင်ငံတွင်းက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို အိုးအိမ်ရွှေ့ပြောင်း လာရောက်နေကြရတဲ့ ဒုက္ခသည် ၇ သောင်းလောက်ကို နေရပ်ရင်းပြန်ကြဖို့ ထိုင်းအစိုးရက ပန်ကြားမှာ ဖြစ်ကြောင်း တတိယ တပ်မဟာ ဒုတိယဗိုလ်ချုပ်ကြီး Vijak Siribansop က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ပြန်ချင်တဲ့ လူကိုသာ ပြန်ပို့ပေးမှာ ဖြစ်ပြီး တကယ်လို့ နေရပ်ရင်း ပြန်ဖို့ အဆင်သင့် ဖြစ်နေသူတွေကိုသာ တဖြေးဖြေး ပြန်ပို့ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

မြန်မာအစိုးရကလည်း သူတို့ နေထိုင်ဖို့ နေရာတွေကို ပြင်ထားပြီဖြစ်သလို လက်ရှိမြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာလည်း အောင်မြင်ဖို့ အလားအလာ တွေ့နေရတယ်လို့ပြောပါတယ်။ ဒီဒုက္ခသည်တွေ အခုလို ပြန်တဲ့အတွက် အန္တရာယ်မရှိစေဖို့နဲ့ ကောင်းကောင်း မွန်မွန် အဆက်ဆံ ခံရအောင် အပြင် ခုလိုနေရပ်ရင်း ပြန်ရေးဟာ စိတ်ချလုံခြုံမှုနဲ့အတူ သိက္ခာရှိရှိဖြစ်စေဖို့ အဓိကဦးစားပေး လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီဒုက္ခသည်တွေ နေရပ်ရင်း ပြန်ရေးအတွက် ထိုင်းအစိုးရနဲ့ အတူ ကုလသမဂ္ဂ ဒုက္ခသည်အရေးဆိုင်ရာ UNHCR က ငွေကြေးထောက်ပံ့ပြီး ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ထိုင်းနိုင်ငံက ဒုက္ခသည် စခန်း ၇ ခုမှာ နေထိုင်တဲ့ မြန်မာ ဒုက္ခသည်ပေါင်း ၆၂, ၁၂၈ ယောက် ရှိနေပြီး သူတို့ကို တတိယ တပ်မဟာ က စောင့်ရှောက်ထား တာဖြစ်ပါတယ်။ ဒုက္ခသည်တွေဟာ စခန်း ၃ ခုဖြစ်တဲ့ Tha Song Yang ဒေသက Ma La ၊Phop Phra က အုန်းဖြန် နဲ့ Umphang ဒေသက နို့ဖိုး ဒုက္ခသည်စခန်းတွေမှာ အဓိက နေထိုင်ကြတာ ဖြစ်ပါတယ်။ နောက်ဒုက္ခသည်စခန်း ၄ ခုကတော့ မယ်ဟောင်ဆောင်၊ မယ်စူရီ၊ Mae Lama Luang နဲ့ မယ်လ စခန်းတွေဖြစ်ပါတယ်။

ထိုင်းရောက် ဒုက္ခသည် ၇ သောင်း မြန်မာဘက်ပြန်ခိုင်းမည်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG