သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု ထိုင်းတရားရုံးချုပ်ထံ အယူခံဝင်ဖို့ ရက်တိုးတောင်း


လူသတ်မှုနဲ့ သေဒဏ် ချမှတ်ထားတဲ့ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦး။
လူသတ်မှုနဲ့ သေဒဏ် ချမှတ်ထားတဲ့ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦး။

ဗြိတိသျှလူငယ်၂ဦးဖြစ်တဲ့ David Miller နဲ့ Hannah Withridage တို့သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်း လူသတ်မူနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်းခံထားရတဲ့ မြန်မာရွှေ့ပြောင်း လူငယ်၂ဦးရဲ့အမှု အတွက်အယူခံကို ကောစမွေ တရားရုံးက ပယ်ချခံရပြီးတဲ့နောက် ထိုင်းတရားရုံးချုပ်ကို တလအတွင်းအယူခံတင်ရမှာပါ။ ဒါပေမဲ့ အယူခံတင်ဖို့အတွက် ရက်နီးလာတဲ့ တလပြည့်ခါနီးအချိန်မှာ အယူခံတင်ဖို့ အတွက်အချိန်မလုံလောက် တာကြောင့် အချက်အလက်အထောက်အထား တွေ ပြည်စုံစွာရှာဖွေနိုင်ဖို့ အချိန် ၃လ လောက်ထိ ထပ်တိုးတောင်းဆိုသွားမှာဖြစ်တယ်လို့ တရားခံ အကျိုးဆောင်ရှေ့နေတွေက ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဗြိတိသျှလူငယ်၂ဦး သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်းခံထား ရတဲ့ မြန်မာရွှေ့ပြောင်းလူငယ်၂ဦးရဲ့အယူခံကို မတ်လ၁ရက်နေ့ က ပယ်ချခံခဲ့ရတာပါ။ ဒီအတွက်ထိုင်းတရားရုံးချုပ်ကို တလ အတွင်းအယူခံ ဆက်တက်နိုင်ရေး ထိုင်းရှေ့နေများကောင်စီနဲ့ မြန်မာသံရုံးကိုယ်စားပြုရှေ့နေတွေ က ကြိုစားလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ တလအတွင်း အယူခံတင်ဖို့ အတွက် အချိန်မလုံလောက်တာကြောင့် အချက်အလက် တွေပြည်စုံစွာရှာဖွေနိုင်ဖို့ အယူခံရက်ကို ထပ်တိုး တောင်းဆိုသွားမယ်လို့မြန်မာသံရုံးကိုယ်စားပြုလိုက် ပါဆောင်ရွက်ပေးနေ တဲ့ရှေ့နေဦးအောင်မျိုးသန့် ကပြောပါတယ်။

လူသတ်မူကျူးလွန်တယ်ဆိုပြီး သေဒဏ်ပေးခံထားရတဲ့မြန်မာလူငယ် ၂ဦးနဲ့ ပတ်သက်လို့ ပြီးခဲတဲ့ ကော့စမွေအယူခံတရားရုံးမှာ အချက် ၂၄ချက်ပါတဲ့ အထောက်အထားတွေ ကို တင်ပြထားပြီဖြစ်ပေမဲ့ ဒီထက်ပိုပြီး ခိုင်မာတဲ့အချက်အလက်တွေ ကိုထပ်မံစုဆောင်းဖို့ လိုအပ်နေသေးတယ်လို့ လည်းဆို ပါတယ်။ မြန်မာလူငယ်၂ဦးနဲ့ ပတ်သက်လို့ ၂၀၁၅ခုနှစ် ဒီဇင်ဘာလက တရားရုံးအမိန်မချခင် မှာ သက်သေတွေရှာဖွေပြီး တင်ပြခဲ့ပေမဲ့ လုံလောက်တဲ့သက်သေတွေမရခဲ့တာကြောင့် အမှုရှုံးနိမ့်ပြီး လူသတ်မူအပါအဝင် အမှုတွေနဲ့ သေဒဏ်ပေးခံခဲ့ရတာပါ။အခု တရားရုံးချုပ်ကိုတင်ပြတဲ့အခါမှာတော့ ထိုင်းဥပဒေအရ သက်သေတွေတင်ပြခွင့်ရတော့မှာမဟုတ်ဘူးလို့လည်း ရှေ့နေဦးအောင်မျိုးသန့် ကပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။၂၀၁၄ ခုနှစ် စက်တင်ဘာလ ကုန်ပိုင်းမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကို တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး၊ ၂၀၁၅ခုနှစ်ကုန်မှာ ထိုင်းနိုင်ငံကောစမွေတရားရုံးကနေ အမှု ခုနှစ်မှုနဲ့ အမြင့်ဆုံးပြစ်ဒဏ် အဖြစ်သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ထိမ်းသိမ်းထားပါတယ်။ ဒီနောက် တရားခံအကျိုးဆောင်ရှေ့နေတွေက အယူခံတရားရုံးမှာအယူခံတင်ပြခဲ့ပေမဲ့ မတ်လ၁ရက်နေ့ ကပယ်ချခဲ့ရပါတယ်။ ဒီအတွက် တရားရုံးချုပ်ကို နောက်ဆုံးအဆင့်အနေနဲ့ အယူ ခံဆက်တက်ဖို့ အတွက်ပြင်ဆင်နေကြ တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG