သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ ၅ သိန်းနီးပါးတန်ဘိုးရှိ မှောင်ခိုဆင်စွယ် ထိုင်းမှာဖမ်းမိ


အမေရိကန်ဒေါ်လာ ၅ သိန်းနီးပါး တန်ဘိုးရှိမယ်လို့ ခန့်မှန်းရတဲ့ ဆင်စွယ်အစိတ်အပိုင်း ၄၀၀ ကျော်ကို သိမ်းဆည်းရမိကြောင်း ထိုင်းအာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

အလေးချိန် ၃၀၀ ကီလိုဂရမ်ကျော်ရှိပြီး ဖြတ်တောက်ထားတဲ့ ဆင်စွယ်အစိတ်အပိုင်းတွေကိုတော့ - မာလာဝီနိုင်ငံကနေ တင်သွင်းတဲ့ ကျောက်ရိုင်းတွေလို့ တရားဝင်အသိပေးထားတဲ့ သေတ္တာတွေထဲမှာ ဖွက်ထားတာကို တွေ့ရှိခဲ့တာပါ။

ကုန်သေတ္တာတွေကို မသင်္ကာလို့ စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် ဆင်စွယ်တွေကို စနေနဲ့ တနင်္ဂနွေနေ့တွေမှာ သိမ်းဆည်းမိခဲ့တာ ဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတွေက AP သတင်းဌာနကို ပြောပါတယ်။

ကုန်သေတ္တာတွေကို ယူဖို့ရောက်လာတဲ့ အသက် ၄၁ နှစ်အရွယ် ဂမ်ဘီယာနိုင်ငံသားကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ ဆင်စွယ်တွေကို ရှာဖွေဖမ်းဆီးမိတာဟာ တကယ့်ကို ကံကောင်းတာလို့လည်း ထိုင်းအကောက်ခွန်ညွှန်ကြားရေးမှူး Kulit Sombatsiri က ပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဂမ်ဘီယာနိုင်ငံသားကတော့ - အကောက်ခွန်ဥပဒေနဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်မှု ဥပဒေတွေ ချိုးဖောက်မှုနဲ့ ရင်ဆိုင်နေရပြီး၊ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ရင်တော့ ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG