သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ကြွဆေးပြား ၈ သိန်းကျော် ထိုင်းမြန်မာနယ်စပ်မှာမိ


မြန်မာပြည်ဘက်က ဝင်လာတယ်ဆိုတဲ့ ရာဘစိတ်ကြွဆေးတွေ ရှာဖွေသိမ်းဆည်းနေတဲ့ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့။
မြန်မာပြည်ဘက်က ဝင်လာတယ်ဆိုတဲ့ ရာဘစိတ်ကြွဆေးတွေ ရှာဖွေသိမ်းဆည်းနေတဲ့ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့။

ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်အနီး ထိုင်းဘက်ခြမ်းက အိမ်တအိမ်မှာ မြန်မာပြည်ဘက်သယ်လာတဲ့ စိတ်ကြွဆေးတွေ သိုလှောင်ထားကြောင်း သတင်းရတဲ့အတွက် ထိုင်းနယ်ခြားစောင့်တပ်က ရှာဖွေဖမ်းဆီးရာမှာ ဧပြီလ ၂၅ ရက်နေ့က စိတ်ကြွဆွေး (၈) သိန်းကျော်ကို ဖမ်းဆီးရခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ ထဆိုင်လုဝပ်မြို့နယ်၊ ဝမ်သခီရမ်ကျေးရွာအုပ်စု သောင်ရင်းမြစ်နဘေးက အိမ်တအိမ်မှာ စိတ်ကြွဆေးတွေကို ထိုင်းနယ်ခြားစောင့်တပ် (၃၅၀၆) ကနေ ဖမ်းမိခဲ့တာပါ။ စိတ်ကြွဆေးတွေဟာ မြန်မာဘက်ကနေ ထိုင်းဘက်ကို ဝင်ရောက်လာကြောင်း သတင်းရတဲ့အတွက် ဧပြီလ ၂၅ ရက်နေ့မှာ ထိုင်းနယ်ခြားစောင့်တပ်ကနေ ဝင်ရောက်စီးနင်း ရှာဖွေခဲ့တာပါ။

ရှာဖွေနေစဉ်အတွင်း အဲဒီအိမ်ထဲက စိတ်ကြွဆေးရောင်းဝယ်ဖောက်ကားသူလို့ ယူဆရတဲ့ လက်နက်ကိုင်ဆောင်ထားသူနှစ်ဦးနဲ့ ပစ်ခတ်မှု အနည်းငယ်ဖြစ်ခဲ့ပြီး တရားခံလို့ ယူဆရသူတွေကတော့ မြန်မာဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ထိုင်းဘက်က ဆိုပါတယ်။

ထိုင်းနယ်ခြားစောင့်တပ်က ရာဘ မူးယစ်ဆေးဝါး အလုံးရေပေါင်း (၈၈၆,၆၀၀) ကို သတင်းရထားတဲ့အိမ်ရဲ့ မြေကြီးအောက်တွေကနေ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

စိတ်ကြွဆေးတွေဟာ ထိုင်းနယ်မြေထဲကို ဝင်ရောက်နေတယ်လို့ ကြိုတင်သတင်းရတဲ့အတွက် နယ်ခြားစောင့်တပ်တွေက သွားရှာရင်း ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တာ့ခရိုင် ဒုတိယမြို့တော်ဝန်ကိုယ်တိုင် လာရောက် ကြည့်ရှုစစ်ဆေးခဲ့တာပါ။

မြန်မာပြည်ဘက်က ဝင်လာတယ်ဆိုတဲ့ ရာဘစိတ်ကြွဆေးတွေ ရှာဖွေသိမ်းဆည်းနေတဲ့ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့။
မြန်မာပြည်ဘက်က ဝင်လာတယ်ဆိုတဲ့ ရာဘစိတ်ကြွဆေးတွေ ရှာဖွေသိမ်းဆည်းနေတဲ့ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့။

မူးယစ်စိတ်ကြွဆေးတွေ ရှာဖွေတွေ့ရှိတဲ့အိမ်ဟာ ထိုင်းနိုင်ငံသားတဦး ပိုင်ဆိုင်ပြီး အဲဒီအိမ်ကို မြန်မာဘက်ခြမ်းက လာရောက်ငှားရမ်းနေထိုင်နေတာလို့ ဆိုပါတယ်။

နယ်ခြားစောင့်တပ်ရဲ့ စစ်ဘက်ဆိုင်ရာအကြီးအကဲ ဗိုလ်မှူး နော့ဖွန်ကတော့ မြန်မာနဲ့ထိုင်းကြားမှာ မူးယစ်ဆေးဝါးတွေကို ပူးတွဲဖော်ထုတ်နေတဲ့အတွက် ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆက်လက် ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ စိတ်ကြွဆေးတွေ မကြာခန ဖမ်းမိခဲ့ပြီး ဒီနှစ်ထဲမှာတော့ အရေအတွက် အများဆုံး ဖမ်းဆီးရမိနေတာလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG