သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအသင်း မြန်မာကိုနိုင်ပြီး ဆူဇူကီးဖလား ဗိုလ်လုပွဲ တတ်ရောက်


ထိုင်းအသင်း မြန်မာအသင်းတို့ ကစားစဉ် (Myanmar Football Federation )
ထိုင်းအသင်း မြန်မာအသင်းတို့ ကစားစဉ် (Myanmar Football Federation )

၂၀၁၆ အာဆီယံဆူဇူကီဖလား ဘောလုံးပွဲမှာတော့ ထိုင်းအသင်းက မြန်မာကို နိုင်ပြီး နောက်ဆုံးဖိုင်နယ်ကို တက်သွားပြီးဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရာဇမင်္ဂလာဘောလုံးကွင်းကြီးမှာ ဒီကနေ့ကစားကြတာမှာ အိမ်ရှင် ထိုင်းက မြန်မာအသင်းကို ၄ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားတာခဲ့ပါတယ်။

ပထမပိုင်းမှာ ထိုင်းအသင်းဘက်က ခေါင်းတိုက်သွင်းလို့ ၁ ဂိုး ဂိုးမရှိ နဲ့ ထိုင်းကရှေ့ကနေ ဦးဆောင်ခဲ့တာပါ။ မြန်မာဘက်က သန်းပိုင်ကန်တာ ဘားတိုင်ထိတာအပါအဝင် မြန်မာအသင်းဘက်က ဂိုးသွင်းခွင့်တချို့ရခဲ့ပေမယ့် ဂိုးမဝင်ခဲ့တာကြောင့် မြန်မာအသင်းဟာ ချေပဂိုးမရခဲ့ပါဘူး။

ဒုတိယပိုင်းမှာ မြန်မာအသင်းခေါင်းဆောင် ရန်အောင်ကျော် ပယ်နယ်တီဧရိယာထဲမှာ ဖျက်တာ ကြမ်းတာကြောင့် ဒိုင်က ပယ်နယ်တီပေးလိုက်လို့ ထိုင်းအသင်း ဒုတိယဂိုးရပြီး၊ နောက်ပိုင်းမှာ ၂ ဂိုးထပ်သွင်းသွားလို့ ၄ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားခဲ့ပါတယ်။ ဒါကြောင့် ထိုင်းအသင်းက ၂ ပွဲ ပေါင်းရလဒ် ၆ ဂိုး ဂိုးမရှိ နဲ့ ဖိုင်နယ်တက်သွားခဲ့ပါတယ်။

ထိုင်းအသင်းဟာ ဖိုင်နယ်မှာတော့ အင်ဒိုနီးရှားနဲ့ ဗိုလ်လုရမှာဖြစ်ပြီး၊ ပထမအကျော့ကို လာမယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ကစားမှာဖြစ်ပြီး၊ ဒုတိယအကျော့ကိုတော့ ၁၇ ရက်နေ့မှာ ကစားကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG