သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုန်းကြီးကျောင်းအတွင်း မွေးကင်းစ ကျားသေ ၄၀ တွေ့ရှိ


ထိုင်းဘုန်းကြီးကျောင်းအတွင်း မွေးကင်းစ ကျားသေ ၄၀ တွေ့ရှိ
ထိုင်းဘုန်းကြီးကျောင်းအတွင်း မွေးကင်းစ ကျားသေ ၄၀ တွေ့ရှိ

ထိုင်းနိုင်ငံမှာ ကျားတွေကိုမွေးပြီး စီးပွားဖြစ် ပြစားနေတဲ့၊ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျား ဘုန်းကြီးကျောင်းကို အာဏာပိုင်တွေက ဒီကနေ့ တတိယမြောက်နေ့ ဝင်ရောက်ရှာဖွေရာမှာ အအေးခန်းထဲမှာ သိမ်းထားတဲ့ မွေးကင်းစ ကျားအသေ ကောင်ရေ ၄၀ ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ တောရိုင်းသတ္တဝါ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ဒီကနေ့ ရိုက်ယူထားတဲ့ ဗီဒီယိုခွေတခုထဲမှာ ဒါဇင်နဲ့ချီတဲ့ ကျားပေါက်ငယ် အသေလေးတွေကို အခုလို တွေ့ရတာပါ။ ဘန်ကောက်မြို့ အနောက်ဘက် ကန်ချနဘူရီ ခရိုင်မှာရှိတဲ့ ဗုဒ္ဓဘာသာ ဒီ ဘုန်းကြီးကျောင်းဟာ ကမ္ဘာလှည့်ခရီးသွားတွေ အလာများနေရာတခုပါ။ ကျားပေါက်လေးတွေကို နို့ဘူးနဲ့တိုက် မွေးတာကို ခရီးသွားတွေက စိတ်ဝင်တစား လာကြည့်ကြပြီး ဓာတ်ပုံရိုက်တတ်ကြပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ တောရိုင်းသတ္တဝါတွေကို မှောင်ခိုရောင်းဝယ်ပြီး နှိပ်စက် ညှင်းပမ်းမှု တွေနဲ့ ဆက်စပ်ပြီးတော့ ဒီဘုန်းကြီးကျောင်းကို အာဏာပိုင်တွေက ဝင်ရောက်ရှာဖွေ စစ်ဆေးမှုတွေ လုပ်နေတာပါ။ အခုကျားပေါက်အကောင် အသေ ၄၀ ကို ဘုန်းကြီးကျောင်း မီးဖိုဆောင်ထဲက အအေးခန်းထဲမှာ တွေ့ခဲ့တာပါ။

တနင်္လာနေ့တုန်းကလည်း ကျားအရှင် ၅၂ ကောင်ကို အာဏာပိုင်တွေက ဘုန်းကြီးကျောင်းထဲကနေ ဖယ်ရှားခဲ့ပြီး နောက်ထပ် ၈၅ ကောင်ကတော့ ဘုန်းကြီးကျောင်းမှာပဲ ဆက်ပြီး ရှိနေပါတယ်။ အခု ဝင်ရောက်ရှာဖွေမှုတွေနဲ့ ပတ်သက်လို့ ဘုန်းကြီးကျောင်း ဘုန်းတော်ကြီးတွေဘက် တစုံတရာ မှတ်ချက်ပေး တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

ထိုင်းဘုန်းကြီးကျောင်းအတွင်း မွေးကင်းစ ကျားသေ ၄၀ တွေ့ရှိ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG