သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်းခရိုင် ၈ ခု ရေဘေးဒဏ်ခံနေရ


ထိုင်းနိုင်ငံတောင်ပိုင်းက ရေကြီးမှုအတွင်း လူအနည်းဆုံး ၅ ယောက် သေဆုံးပြီး၊ လူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသလို၊ ဆေးရုံတွေလည်း ပိတ်ထားရပါတယ်။ ဒါ့အပြင် ရထားပြေးဆွဲမှုတွေလည်း နေရာတော်တော်များများမှာ ရပ်ဆိုင်းထားသလို၊ တချို့လမ်းတွေ ရေကြီးနေတာ ကြောင့် မြို့တော် ဘန်ကောက် ကနေ ခရီးရှည် ဘတ်စ်ကားလမ်းကြောင်း ၆ ခုကိုလည်း ရပ်ဆိုင်းထားရတာ ဖြစ်ပါတယ်။

တောင်ပိုင်းခရိုင် ၈ ခုမှာ တနင်္ဂနွေနေ့ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေဖြစ်ခဲ့တယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီး ဌာနက အစီရင်ခံစာ ထုတ်ပြန်ပြောဆိုခဲ့တာပါ။ လူ ၃ ယောက် သေဆုံးခဲ့ကြောင်းလည်း ကြေညာချက်က ပြောဆိုထားပြီး၊ ထိုင်းရုပ်သံလွှင့် MCOT သတင်းမှာတော့ - ရေထဲနစ်မြုပ်သွားတဲ့ ကားတစင်းထဲမှာ ကလေးနဲ့ မိခင်တို့ရဲ့ နောက်ထပ်အလောင်း ၂ လောင်းကို ကြာသပတေးနေ့က တွေ့ရှိခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ရေကြီးမှုကြောင့် သယ်ယူပို့ဆောင်ရေးမှာ အဟန့်အတားဖြစ်ခဲ့သလို - ထိုင်းပင်လယ်ကွေ့ထဲက Samui အပန်းဖြေကျွန်းမှာ ရေကြီးမှုကြောင့် ခရီးသွားလာမှုတွေ ပိတ်ဆို့ကုန်ပြီး၊ ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပမ်းစားတဲ့ကျွန်းက လေယာဉ်ခရီးစဉ်တွေလည်း နှောင့်နှေးခဲ့ရတာ ကြောင့် ကျွန်းကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေရဲ့ အားလပ်ရက်ကို ထိခိုက်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG