သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း အကြမ်းဖက်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံရ


ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင် ရှင်နာဝပ်။ ဧပြီ ၂၇၊ ၂၀၁၀
ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင် ရှင်နာဝပ်။ ဧပြီ ၂၇၊ ၂၀၁၀

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawat ကို အကြမ်းဖက်မှုစွဲချက်တွေနဲ့ ထိုင်းတရားရုံးတခုကနေ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ဘန်ကောက်မြို့မှာ သီတင်းပတ်နဲ့ ချီကြာခဲ့တဲ့ အင်္ကျီနီဝတ်တွေရဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုကို မစ္စတာသက်ဆင် နောက်ကနေ ကြိုးကိုင်ခဲ့တယ်ဆိုတာ ခိုင်မာတဲ့သက်သေတွေရှိတယ်လို့အထူးစုံစမ်း စစ်ဆေးရေးအကြီးအကဲ သာရစ် ပန်ဒစ် (Tharit Pengdit) က သတင်းထောက်တွေကို ပြောပါတယ်။

မြို့ပြနဲ့ ကျေးလက်တွေက ဆင်းရဲသား အင်္ကျီနီဝတ်တွေက လောလောဆယ် ဒူဘိုင်းမှာ တိမ်းရှောင်နေတဲ့ မစ္စတာသက်ဆ င်ကို လူစွမ်းကောင်းကြီးအဖြစ်မြင်ပြီး ထောက်ခံနေကြတာ ဖြစ်ပါတယ်။

မတ်လထဲက စတင်တဲ့ ဆန္ဒပြမှုတွေနဲ့ ဆက်နွယ် အကြမ်းဖက်မှုကြောင့် ၈၈ ယောက် ထက်မနည်း သေ ဆုံးပြီး ၁,၉၀၀ ကျော် ဒဏ်ရာရခဲ့ ကြပါတယ်။ တချိန်တည်းမှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်နဲ့ ခရိုင် ၂၃ ခုမှာထုတ်ပြန်ထားတဲ့ ညမထွက်ရ Curfew အမိန့်ကို ထိုင်းအစိုးရ ဝန်ကြီးအဖွဲ့က နောက်ထပ် လေးည တိုးလိုက်ပါတယ်။

ညမထွက်ရအမိန့်ကို ဒီသီတင်းတပတ်လုံး သက်တမ်းတိုးဖို့ အရေးပေါ် တာဝန်ရှိသူတွေ က တနင်္လာနေ့မှာ အကြံပြုပေမဲ့ ညမထွက်ရ အမိန့်ကြောင့် ပြည်သူတွေအပေါ် သက်ရောက်မှုတွေ အများကြီး မဖြစ်စေလိုတဲ့အတွက် နောက်ထပ် လေးညပဲ တိုးဖို့ ဝန်ကြီးချုပ်နဲ့ သူ့ရဲ့အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မတ်လလည်ထဲက ဆန္ဒပြသူတွေ ပိတ်ဆို့ သပိတ်စခန်းချထားတဲ့ စီးပွားရေး အချက်အခြာ မြို့လယ်လမ်းတွေကို သက်ဆိုင်ရာက မနေ့ကစပြီး ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဆန္ဒပြသူတွေကို လုံခြုံရေးတွေက နှိမ်နှင်းခဲ့စဉ် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပိတ်ထားခဲ့တဲ့ ထိုင်း အစုရှယ်ယာ ဈေးကွက်ကိုလည်း ဒီသတင်းပတ်မှာ ပြန်ဖွင့်ခဲ့ပါတယ်။

XS
SM
MD
LG