သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်သန်းမြင့်အောင် မြန်မာ့ဂုဏ်ရည်ဆုရရှိ


ဒေါ်သန်းမြင့်အောင်
ဒေါ်သန်းမြင့်အောင်
မြန်မာနိုင်ငံအတွင်း စေတနာ့ဝန်ထမ်း လူမှုရေးလုပ်ငန်းတွေ ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေကို သူတို့ရဲ့ လုပ်ရပ်တွေကို လေးစား ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ပြည်သူ့ဂုဏ်ရည်ဆု Citizen of Burma Award ကို ချီးမြင့်နေတာမှာ ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ရွေးချယ်ကြောင်း အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် Palm Beach Gardens မြို့မှာ မေလ ၂၄ ရက်နေ့က အခမ်းအနားကျင်းပပြီး ကြေညာလိုက်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုရှင်တွေကို ဆုချီးမြှင့်တဲ့အခမ်းအနားကိုတော့ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ ဇွန်လ ၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးနေသူ တဦးဖြစ်သလို သူမကိုယ်တိုင်ကလည်း တခြား လူမှုရေးလုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေသူ တဦးဖြစ်ပါတယ်။

အခုနှစ်အတွက် ဆုပေးရွေးချယ်ဖို့ အမည်စာရင်း တင်သွင်းခံရသူတွေထဲက ဆရာမ ဒေါ်သန်းမြင့်အောင်ကို ရွေးချယ်လိုက်တာဖြစ်ပြီး ပြည်သူ့ဂုဏ်ရည် အထူးဆုရှင်တွေအဖြစ် တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ယက်က မခင်နှင်းကြည်သာ၊ ပန်းစကားအဖွဲ့နဲ့ One More အဖွဲ့တို့ကို ရွေးချယ်ခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပထမဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ နာရေးကူညီမှုအသင်း စတင်တည်ထောင်သူ၊ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူ ချီးမြှင့်ခံခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာတော့ ထောင်ဝင်စာတွေ့မယ့်သူ မရှိတဲ့ အကျဉ်းသားတွေကို ထောင်ဝင်စာထုတ်တွေ လိုက်လံ ဝေပေးခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ရှု၊ လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်အပါအဝင် တခြား ပရဟိတလုပ်ငန်းတွေ လိုက်လံ ဆောင်ရွက်ပေးနေတဲ့ Kachinland သတင်းဌာနက လဖိုင်နော်မိန်းနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပညာရေးကွန်ယက်အဖွဲ့တို့ တနှစ်စီ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG