သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ စစ်တပ်ကို ကြိုးကိုင်ဆဲလား


ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ

KNU ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေနဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးေ ဟာင်း ဦးသန်းရွှေတို့ ပြီးခဲ့တဲ့ရက်ပိုင်းကတွေ့ဆုံခဲ့မှုကို ကြည့်ရင် လက်ရှိ မြန်မာ့ စစ်ရေးနဲ့ နိုင်ငံရေးနောက်ကွယ်မှာ အာဏာရှင်ဟောင်းတဦး အခုချိန်ထိ ရှိနေသေး တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာ နေသူတွေက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံ အရှေ့မြောက်ခြမ်းမှာ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့တပ် မတော်ကြား စစ်ရေးတင်းမာမှုတွေ ရှိနေချိန်မှာ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးဖို့ KNU ခေါင်းဆောင်တွေ နေပြည်တော်ကို ရောက်ရှိနေ တာဖြစ်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

နေပြည်တော်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဗိုလ်ချုပ်မှူးကြီးေ ဟာင်း ဦးသန်းရွှေက KNU ခေါင်းဆောင်တွေကို ဖိတ်ခေါ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့ကြသလဲဆိုတာ အသေးစိတ် မသိရပေမယ့် ငြိမ်းချမ်းရေးကိစ္စ သဘောထား အမြင်တွေ ဖလှယ်ဖို့ ဖြစ်နိုင်တယ်လို့ အများက သုံးသပ်နေကြပါတယ်။

အခုလို စစ်အာဏာရှင်ဟောင်း တဦးအဖြစ် နာမည်ကြီးခဲ့တဲ့ ဦးသန်းရွှေအနေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ဖြစ်တဲ့ KNU ကရင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ မှုကို အများပြည်သူသိအောင် ထုတ်ပြန်တာဟာ လက်ရှိ မြန်မာ့တပ်မတော်ရဲ့နောက် ကွယ်မှာ သူရှိနေသေးတယ် ဆိုတာ ထင်ထင်ရှားရှား ပြသလိုက်တာ ဖြစ်တယ် လို့ မြန်မာစစ်ရေးလေ့လာ သုံးသပ်နေတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ပြောပါတယ်။

“ ကျနော့်အမြင် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခု ချိန်ထိလည်း ဒီတပ်မတော်ရဲ့ နောက်ကွယ်မှာ ရှိနေသေးတယ်။ အရင်တုန်းကတော့ တပ်မတော်ရဲ့ နောက်ကွယ်ရယ် ..နောက် ပါတီပေါ့လေ ပြည်ခိုင်ဖြိုးရဲ့နောက်ကွယ် မှာ ရှိတယ်ဆိုတဲ့ဟာ ကတော့ ထင်ထင်ရှားရှားတွေ့ ရပါလိမ့်မယ်။ ဒီကြားထဲမှာ အခုပေါ့လေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာတခါပေါ် လာတယ်။ အခုတခါ မူတူးဆေးဖေါနဲ့ တွေ့တာပေါ်လာတယ်။ ဒါကိုကြည့်ခြင်း အားဖြင့်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လုံး၀ အနားယူသွားတယ် ဆိုတာက လုံး၀ မဖြစ်နိုင်ပါဘူး ”

မေး။ ။ လက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်းနယ်စပ်မှာ စစ်ရေးအရ တင်းမာတဲ့ အခြေ အနေဖြစ်ပေါ်နေချိန်မှာ အခုလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ရဲ့ ခေါင်းေ ဆာင်တွေနဲ့ဦးသန်းရွှေက တွေ့ဆုံတာဟာ သူ့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုတာ ပြသချင်တယ်လို့ရော မြင်လို့ မရဘူးလားရှင့်။

“ အဲဒီတော့ ဗမာပြည်နိုင်ငံရေးမှာ စစ်တပ်က တကယ့်ကို ရိုးရိုးသားသားနဲ့ တိုင်းပြည် အတွက်ကို ရိုးရိုးသားသား ဖြစ်မယ် ရှိမယ်ဆိုရင်၊ အခုလက်ရှိ အခြေအနေမှာ တကယ့်တကယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု အောက်မှာ ရှိသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခု ဖြစ်နေတဲ့ အခြေအနေ အားလုံးဟာ- ကျနော်က စစ်သားတယောက်ဖြစ်နေတော့ မဝေဖန်လိုပေမယ့် တကယ့် တကယ် ဖြစ်သင့် ဖြစ်ထိုက် တာက ငြိမ်းချမ်းရေး ပင်လုံညီလာခံ မလုပ်ခင်မှာ ကတည်းကိုက စစ်တပ်ကလည်း အပစ်ရပ်တာကို အရင်ဆုံး ကြေညာသင့်ပါတယ်။ ပြီးရင် တိုင်းရင်းသားတွေ ဘက်ကလည်း အပစ်ရပ်ကြ၊ မရပ်တဲ့လူကတော့ လူဆိုးပေါ့ဗျာ။ အဲလိုဖြစ်သင့်တယ်ဗျ။ နောက်တခါ စစ်တပ်က အင်အား ကြီးတဲ့ အဖွဲ့ အစည်း ဖြစ်တဲ့အတွက်ကြောင့်မို့ သူဟာ အကိုကြီးတယောက်အနေနဲ့ ကိုယ်ချင်း စာနာ တတ်ဖို့လိုတယ်။ အခုဟာက တို့ထိတို့ထိနဲ့ .. ကျနော်တို့ အရင်သတ်မှတ် ထားတဲ့နယ်မြေတွေ ရှိတယ်။ ဒါတွေကို ကျော်ပြီးတော့ သူတို့အနားထိကို သွား ပြီးတော့မှ သွေးတိုးစမ်းပြီး ရှမ်းနဲ့လည်း သွားလုပ်လိုက် ကချင်ကိုလည်း သွားလုပ် လိုက် ပလောင်ကိုလည်း သွားလုပ်လိုက်နဲ့ အဲလိုသွားပြီးတော့ ဗိုလ်ကျသလို ဖြစ်နေတယ် .. ဒါကျနော့်အမြင်ပေါ့လေ။တိုင်းရင်းသားတွေဖက်ကလည်း အခု လိုပေါ့လေ မူဆယ်တို့ ကားလမ်းတို့ လူတွေဒုက္ခရောက်အောင် မလုပ်သင့်ဘူးဗျ။ ပစ်ချင်းပစ် တပ်စခန်းတွေ တိုက်တာကိုတော့ ကျနော်မပြောလိုဘူး။ နယ်မြေ သပ်သပ်မှတ်မှတ် မရှိတဲ့အခါကျတော့ ဒီစစ်ပွဲ တွေက ဖြစ်နေကျပါပဲ။ စစ်ပွဲတွေ ပစ်နေခတ်နေသမျှတော့ နိုင်ငံရေးစကားပြောတယ်ဆိုတာက ဘယ်လိုမှ အဓိပ္ပါယ် မရှိပါဘူးဗျ။

KNU ဥက္ကဌ မူတူးစေးဖေါကို ကြိုဆိုနှုတ်ဆက်နေတဲ့ (သမ္မတဟောင်း) ဦးသိန်းစိန်
KNU ဥက္ကဌ မူတူးစေးဖေါကို ကြိုဆိုနှုတ်ဆက်နေတဲ့ (သမ္မတဟောင်း) ဦးသိန်းစိန်

နေပြည်တော်ကိုရောက်နေတဲ့ KNU ဥက္ကဌ စောမူတူးဆေးဖိုး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စနေနေ့က တွေ့ဆုံခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေ ဆိုင်ရာ သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေကို ဆွေးနွေးခဲ့ကြောင်း သတင်းထောက်ေ တွကို တွေ့ဆုံပွဲအပြီးမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ ဘာပဲဖြစ်ဖြစ် ကောင်းသောတွေ့ဆုံမှု၊ ငြိမ်းချမ်းရေးရရှိရေးအတွက် သူတို့အမြင် သူတို့သဘောထားတွေ ပြောပြတယ်။ ငါတို့ကလည်း ငြိမ်းချမ်းရေး လိုချင်တဲ့ ပုဂ္ဂိုလ်များ ဖြစ်တဲ့အတွက် ကိုယ့်အမြင်ကိုယ့်သဘောထားတွေ ပြောတယ်။ အဲဒီ ထဲမှာ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ် သူမှန်သမျှကို ကိုယ်တို့က အင်မတန် မှ လေးစားတယ်ေ၊ တန်ဖိုးလည်း ထားတယ်ဆိုတာလည်း ပြောလိုက်ပါတယ်”

အလားတူ KNU ခေါင်းဆောင်တွေဟာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့လည်း မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။နိုဝင်ဘာလ (၂၅)ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ခေါင်းဆောင်တွေ တွေ့ ဆုံဆွေးနွေးရာမှာတော့ ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပနိုင်ရေး၊ နိုင်ငံရေးတွေ့ဆုံေ ဆွးနွေးပွဲတွေနဲ့ နှစ်ဖက်တပ် နေရာချထားရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ KNU ကရင် အမျိုးသားအစည်းအရုံးဟာ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး တခုဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG