သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုမှု တရုတ်ညှိနှိုင်းဖို့မရှိ


တိဘက်ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေး ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ တရုတ်နိုင်ငံက ပြောဆိုလိုက်တဲ့အတွက် တိဘက် ဘာသာရေးခေါင်းဆောင် Dalai Lama နဲ့ တရုတ်အစိုးရတို့ကြား ဆွေးနွေးပွဲ ပြန်စနိုင်ရေးအပေါ် သံသယတွေလည်း ထွက်ပေါ်လာပါတယ်။

အကြမ်းဖက်မှုတွေဖြစ်ပေါ်အောင် လှုံ့ဆော်မှုတွေနဲ့ တိဘက်လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုတွေကို ဘုန်းတော်ကြီး ဒလိုင်းလားမား အနေနဲ့ အရင်ဆုံး စွန့်လွှတ်ရလိမ့်မယ်လို့လည်း ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ တရုတ်အစိုးရရဲ့ မူဝါဒရေးရာ စာတမ်းမှာ စကားလုံးခပ်ကြမ်းကြမ်းသုံးပြီး ဖော်ပြခဲ့တာပါ။

တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကတော့ တရုတ်အစိုးရက စွပ်စွဲထားသလို လုပ်ရပ်မျိုးတွေ ကျုးလွန်တာ မရှိတဲ့အကြောင်း တလျှောက်လုံးလိုလို ငြင်းဆန်ထားတာ ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ ဘုန်းတော်ကြီး ဒလိုင်းလားမား အနေနဲ့ ခွဲထွက်ရေး တောင်းဆို လှုပ်ရှားမှုတွေကို စွန့်လွှတ်ပြီး၊ တရုတ်အစိုးရနဲ့ လူထုရဲ့ ခွင့်လွှတ်မှုကို ရယူဖို့ တိုက်တွန်း ထားတာပါ။

တိဘက်ဒေသရဲ့ နိုင်ငံရေးအခြေအနေနဲ့ စနစ်ကို တရုတ်နိုင်ငံရဲ့ ဥပဒေတွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပြဌာန်းထားပြီးသား ဖြစ်တဲ့အတွက် တိဘက်အရေးနဲ့ ပိုမိုလွတ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ကိစ္စတွေဟာ ဆွေးနွေးစရာ မလိုဘူးလို့လည်း ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံက တိဘက်ဒေသကို သိမ်းပိုက်ခဲ့ပြီးနောက် ၁၉၅၀ ပြည့်လွန် ကာလကတည်းက ပြည်ပကို တိမ်းရှောင် နေခဲ့ရတဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားကတော့ သူ့အနေနဲ့ လွတ်လပ်ရေးရဖို့ ဖိအားပေး ကြိုးပမ်းနေတာ မဟုတ်ဘူးလို့ ဆယ်စုနှစ်နဲ့ချီ ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိဖို့၊ အလယ်အလတ်လမ်းစဉ် ချဉ်းကပ်မှုမျိုးနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိဖို့တော့ လိုအပ်တယ်လို့လည်း နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်လည်းဖြစ်တဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG