သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒီမိုကရက်တစ်ပါတီဥက္ကဌ Tom Perez ရွေးချယ်ခံရ


ဒီမိုကရက်တစ်ပါတီဥက္ကဌ အဖြစ် Tom Perez ရွေးချယ်ခံရ
ဒီမိုကရက်တစ်ပါတီဥက္ကဌ အဖြစ် Tom Perez ရွေးချယ်ခံရ

အလုပ်သမားရေး ဝန်ကြီးဟောင်း Tom Perez ကို ဒီမိုကရက်တစ်ပါတီ DNC ကော်မတီ ဥက္ကဌအဖြစ် စနေနေ့က ရွေးချယ်တင်မြှောက်ခဲ့ ပါတယ်။ ရွေးကောက်ပွဲမှာRepublican ပါတီက Donald Trump အနိုင်ရသွားတာကြောင့် ဒီမိုကရက်တစ်ပါတီ မျက်နှာမလှပဲဖြစ်နေ ချိန်မှာ ပါတီကိုအားကောင်းလာအောင် ပြန်လည်တည်ဆောက်ဖို့ ကြိးလေးတဲ့တာဝန်ကို သူထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

Perez ဟာ သမ္မတအိုဘားမားလက်ထက်မှာ ဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့သူဖြစ်ပြီး ၊ Minnesota ပြည်နယ်အောက်လွှတ်တေ်ာအမတ် Keith Ellison နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ ဥက္ကဌအဖြစ် Perez ကိုရွေးချယ်လိုက်တဲ့အတွက် ပထမဆုံးသော လက်တင်အနွယ်ဖွားတဦးကို ဒီရာထူးအတွက် ရွေးချယ်လိုက်တာလဲဖြစ်ပြီး ထောက်ခံမဲ ၂၃၅ မဲ - ကန့်ကွက်မဲ ၂၀၀ နဲ့ အနိုင်ရလိုက်တာဖြစ်ပါတယ်။

ပါတီဥက္ကဌအဖြစ် သူအနိုင်ရပြီးပြီးချင်းမှာပဲ Perez က သူ့ရဲ့အဓိကပြိုင်ဘက် Ellison ကို ပါတီဒုဥက္ကဌအဖြစ် ရွေးချယ်ကြောင်း ကြေညာခဲ့ပြီး သူ့ရွေးချယ်မှုကို DNC အဖွဲ့ဝင်တွေက လက်ခံခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG