သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အစီရင်ခံစာမှာ မြန်မာရမှတ်တိုးလာ


Transparency International
Transparency International

၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံနဲ့ ဒေသပေါင်း ၁၇၆ ခုရဲ့ အကျင့်ပျက်ခြစားမှု အဆင့်တွေ ထွက်လာတာမှာ မြန်မာနိုင်ငံက ရမှတ် အားဖြင့် ၂၈ မှတ်၊ အဆင့်အနေနဲ့ဆိုရင် ၁၃၆ ဆင့်မှာ သတ်မှတ်ခံရပါတယ်။ မြန်မာနိုင်ငံရဲ့ရမှတ်ဟာ ၂၀၁၂ ခုနှစ်ကတည်းက ဆိုရင် ၁၃ မှတ် ပိုများလာပြီး မနှစ်ကနဲ့နှိုင်းယှဉ်ရင် ၆ မှတ် ပိုများလာတာပါ။

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာအခြေစိုက်တဲ့ Transparency International အဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အဲဒီလို ဖော်ပြထားတာဖြစ်ပါတယ်။ အကျင့်ပျက်ခြစားမှုအများဆုံးနိုင်ငံကို ရမှတ် သုည သတ်မှတ်ပြီး အနည်းဆုံးနိုင်ငံကို ရမှတ် ၁၀၀ ပေး ပြီးတော့ သတ်မှတ်တာပါ။ မြန်မာနိုင်ငံနဲ့အဆင့်တူ တခြားနိုင်ငံ ငါးနိုင်ငံရှိပြီး ဂွာတီမာလာ၊ Kyrgyzstan ၊ လက်ဘနွန်၊ နိုင်ဂျီးရီး ယားနဲ့ ပါပူအာနယူးဂီနီနိုင်ငံ တွေဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှုအနည်းဆုံးနိုင်ငံနှစ်ခုက ဒိန်းမတ်နဲ့ နယူးဇီလန်တို့ဖြစ်ပြီး အဲဒီနောက်မှာတော့ ဖင်လန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ နော်ဝေး၊ စင်္ကာပူ၊ နယ်သာလန်၊ ကနေဒါနဲ့ ဂျာမနီနိုင်ငံတွေလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တွေထဲကဆိုရင် ဗြိတိန်က ၈၁ မှတ်၊ အမေရိကန်က ၇၄ မှတ်၊ ပြင်သစ်က ၆၉ မှတ် အသီးသီးရပြီး တရုတ်က အမှတ် ၄၀ နဲ့ ရုရှားက ၂၉ မှတ် ရကြပါတယ်။ မြောက်ကိုရီးယားက ၁၂ မှတ်၊ တောင်ဆူဒန်က ၁၁ မှတ်၊ ဆိုမာလီယာက ၁၀ မှတ်စီရပြီး အကျင့်ပျက်ခြစားမှု အများဆုံး အောက်ဆုံးသုံးနိုင်ငံ အဖြစ် သတ်မှတ်ခံရပါတယ်။

၂၀၁၆ ခုနှစ်အတွင်း အကျင့်ပျက်ခြစားမှု အခြေအနေမှာ တိုးတက်လာတဲ့ နိုင်ငံအရေအတွက်ထက် ပိုဆိုးသွားတဲ့ နိုင်ငံအရေ အတွက်က ပိုများတယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အစီရင်ခံစာမှာ မြန်မာရမှတ်တိုးလာ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG