သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပွဲတော်ရက် ဥရောပခရီးသွားသတိပေးချက် ကန် ထုတ်ပြန်


ခရစ္စမတ်နဲ့ နှစ်သစ်ကူးရာသီကာလ ဥရောပတလွှားမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်တဲ့အန္တရာယ် မြင့်မားနေတဲ့အတွက် အမေရိကန် နိုင်ငံသားတွေအနေနဲ့ သတိနဲ့ သွားလာကြဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက ခရီးသွားသတိရှိကြဖို့ နှိုးဆော်ထားပါတယ်။

ရာသီပွဲတော်တွေ၊ အခမ်းအနားတွေ၊ ခရစ္စမတ်ဈေးပွဲတော်တွေကို သတိထားသွားလာကြဖို့ ထုတ်ပြန်ချက်ထဲမှာ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ အစွန်းရောက်သမားတွေ၊ အစွန်းရောက်ဝါဒ အားပေးသူတွေက ကြိုတင်သတိပေးချက်မထုတ်ဘဲ တိုက်ခိုက်နိုင်ခြေ ရှိတဲ့အပေါ် သတိထားကြဖို့ ၂၀၁၇ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ အသက်ဝင်နေမယ့် ခရီးသွား နှိုးဆော်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနဲ့ တူရကီနိုင်ငံတွေမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ စိုးရိမ်မှု ဆက်လက် ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဥရောပနိုင်ငံတခုကနေ တခုဆီ ခရီးသွားကြမယ့်သူတွေအနေနဲ့ ကိုယ်သွားမယ့်မြို့မှာရှိတဲ့ အမေရိကန်သံရုံး၊ ဒါမှမဟုတ် ကောင်စစ်ဝန်ရုံးတွေက နောက်ဆုံးထုတ်ပြန်တဲ့ လုံခြုံရေးသတိပေးချက်တွေကို ကြည့်ကြဖို့လည်း နိုင်ငံခြားရေးဌာနက တိုက်တွန်းထားပါတယ်။

ပြင်သစ်ပိုင်နက်ထဲမှာ အကြမ်းဖက်တိုက်ခိုက်ရန် အန္တရာယ်ဟာ ဘယ်တုန်းကမှနဲ့မတူအောင် မြင့်မားနေတယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Bernard Cazeneuve က ပြောကြားခဲ့ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဌာနက ခရီးသွားနှိုးဆော်ချက်ကို တနင်္လာနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG