သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်အမျိုးသားနေ့ လူအုပ် ကားဝင်တိုက် လူ ၇၀ ကျော် သေဆုံး


ပြင်သစ်အမျိုးသားနေ့ မှာ လူအုပ်ထဲကို ဝင်တိုက်တဲ့ ထရပ်ကားကြီးကို စစ်ဆေးနေကြစဉ်။ (ဇူလိုင် ၁၄၊ ၂၀၁၆)
ပြင်သစ်အမျိုးသားနေ့ မှာ လူအုပ်ထဲကို ဝင်တိုက်တဲ့ ထရပ်ကားကြီးကို စစ်ဆေးနေကြစဉ်။ (ဇူလိုင် ၁၄၊ ၂၀၁၆)

ပြင်သစ်နိုင်ငံ တောင်ပိုင်း Nice မြို့မှာ ကြာသပတေးနေ့ ညပိုင်းမှာ ကျင်းပတဲ့ ပြင်သစ် အမျိုးသားနေ့ Bastille Day အထိမ်းအမှတ် အားလပ်ရက် မီးရှုးမီးပန်း ပစ်ဖေါက်ပွဲကို ကြည့်ရှုနေကြတဲ့ လူအုပ်ကြီးကို အရှိန်မြှင့် မောင်းနှင်လာတဲ့ လော်ရီ ထရပ်ကားကြီး တစီးက ဝင်ရောက် တိုက်ခိုက် ခဲ့တဲ့အတွက် လူပေါင်း ၇၅ယောက် သေဆုံးပြီး တစ်ရာ ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်သစ် ရုပ်သံသတင်းကို ကိုးကားပြီး အနောက်နိုင်ငံ သတင်းဌာနတွေ က ဖေါ်ပြကြပါတယ်။

ထရပ်ကားဟာ လူအုပ်ထဲကို ခပ်ဝေးဝေးထိရောက်အောင် တောက်လျှောက် တိုက်သွားခဲ့တယ်လို့ တာဝန်ရှိသူတဦးက BMF ရုပ်သံဌာနကို ပြောဆိုကြောင်း ရိုက်တာ သတင်းဌာနက ကိုးကားဖေါ်ပြပါတယ်။ ထရပ်ကားမောင်းသူကို လုံခြုံရေးတာဝန်ရှိသူတွေက ပစ်သတ်လိုက်တယ်လို့ ပြင်သစ်ရုပ်သံ သတင်းဌာနကပြောပါတယ်။

ဒီဖြစ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ အာဏာပိုင်တွေက ချက်ချင်း မကြေညာ သေးပေမဲ့ မျက်မြင် သက်သေတွေကတော့ ဒါဟာတမင်တကာ တိုက်သတ် တာဖြစ်တယ်လို့ ဆိုကြပါတယ်။ လူအများသွားလာနေလို့ ယာဉ်ဝင်ခွင့် ပိတ်ထားတဲ့ လမ်းထဲကို ထရပ်ကားမောင်းသမားဟာ အရှိန်မြှင့်ပြီး zig-zag မောင်း နှင်ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ထရပ်ကားပေါ်မှာလည်း လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ရှိခဲ့တယ်လို့ ရဲကပြောပါတယ်။

ပြင်သစ်သမ္မတ Francois Holland က အရေးပေါ် အစည်းအဝေး တရပ် ခေါ်ယူခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုသာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်ခဲ့တယ် ဆိုရင်တော့ ပြင်သစ်နိုင်ငံ တွင်း မနှစ်ကစပြီး အကြမ်းဖက် တိုက်ခိုက်မှုကြီး ၃ ကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG