သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Abe အပန်းဖြေရင်း ဆွေးနွေး


အမေရိကန်သမ္မတ Donald Trump နဲ့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe တို့ ၂ ဦးဟာ ရက်အတန်ကြာ တွေ့ဆုံပြီး အပန်းဖြေရင်း အလုပ်ကိစ္စတွေကို တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

အမေရိကန်နဲ့ ဂျပန် နှစ်နိုင်ငံ မဟာမိတ် ဆက်ဆံရေးဟာ အရှေ့အာရှဒေသ ငြိမ်းချမ်းရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်ကြောင်း သမ္မတ Trump က အိမ်ဖြူတော်မှာ ပြောကြားလိုက်ပြီး နောက်တနေ့မှာ ပဲ ခေါင်းဆောင် ၂ ဦးဟာ ဖလော်ရီဒါပြည်နယ်၊ Palm Beach က သမ္မတ Trump ရဲ့ Mar-a-Lago ခြံဝင်းကြီးအနီးမှာရှိတဲ့ Trump National Golf ကွင်းမှာ စနေနေ့က ဂေါက်သီးရိုက်ခဲ့ကြပါတယ်။

Trump နဲ့ Abe တို့ ၂ ဦးဟာ ဖလော်ရီဒါပြည်နယ်အတွင်းက သမ္မတ Trump ပိုင်တဲ့အိမ်တွေမှာ တအိမ်ပြီး တအိမ် ကူးပြောင်းပြီး ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

သမ္မတ စီးနင်းလိုက်ပါလာတဲ့ယာဉ်တန်း ဂေါက်ကွင်းကို မရောက်ခင် လမ်းဆုံတခုကို ရောက်တဲ့အခါ ဒါဇင်နဲ့ချီတဲ့ လူတချို့က - အမုန်းတရားတွေကို ရပ်တန့်ပါ၊ အာဏာဖီဆန်ကြလို့ အဓိပ္ပါယ်ရတဲ့ စာတန်းတွေကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

သောကြာနေ့က ဖလော်ရီဒါပြည်နယ်ကို မထွက်ခွာခင် ခေါင်းဆောင် ၂ ဦးဟာ သမ္မတ အိမ်ဖြူတော်မှာ သောကြာနေ့ မနက်ပိုင်းမှာ တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိခဲ့တဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက် ထပ်လောင်း အတည်ပြုပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့် လုပ်ဆောင်ရေးအတွက် ဆွေးနွေးခွင့် ရခဲ့ကြပါတယ်။

Trump နဲ့ Abe အပန်းဖြေရင်း ဆွေးနွေး
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG